ALD ပါတီဝင်ဟောင်းတွေ ပါတီအသစ် တည်ထောင်ဖို့ ဆုံးဖြတ်


2016.10.10
rakhin-anp-press-620.jpg ရခိုင်အမျိုးသားပါတီ ANP တွင်းက အခြေအနေတွေကို ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲကို အောက်တိုဘာလ ၈ ရက်နေ့ က ကောျက်တော်မြို့မှာ ကျင်းပစဉ်
Photo: RFA

ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပေါင်းစည်းရာမှာပါဝင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဝင်ဟောင်းတွေက ANP ကနေခွဲထွက်ပြီး သီးခြားပါတီသစ်တစ်ခု တည်ထောင်ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်ကနေ ၉ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး မှာအပြီး မနေ့က ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီနှစ်ခု မရှိစေရဆိုတဲ့ ရခိုင်ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကြောင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ နှစ်ခုကို ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပေါင်းစည်း ခဲ့တာဖြစ်ပါတယ်။

ကျောက်တော်မြို့မှာ နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို ALD ပါတီထောက်ခံသူတွေနဲ့ ဒေသခံ ၂၀၀ လောက် တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။