ငွေယူပြီး ဆန္ဒမပြဖို့ ငြိမ်းစုစီ ဥပဒေမှာ ထည့်သွင်း


2016.05.31
Share on WhatsApp
Share on WhatsApp
myatnyanasoe-620.jpg ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး ကို လွှတ်တော်မှာတွေ့ရစဉ်
.

ဆန္ဒပြပွဲတွေမှာ ငွေကြေးရယူပြီး ဆန္ဒပြတာ မလုပ်ဖို့ တားမြစ်ချက်ကို ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းမှာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ထည့်သွင်းပြီး ဒီနေ့ လွှတ်တော် မှာ အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းမှာ ထည့်သွင်းဖြည့်စွက်ထားတာတွေကို ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ် ဉာဏစိုးက အခုလိုပြောပါတယ်။

"ဖိအားပေးပြီးတော့ ပါခိုင်းတယ်ဆိုတာတွေ၊ နောက်တစ်ချက်ကတော့ ငွေကြေး၊ လက်ဆောင်တွေ ပေး ပြီးတော့ ပါခိုင်းတယ်၊ နောက်တစ်ချက်က ယူပြီးတော့၊ လက်ခံပြီးတော့ ပါတယ်၊ ဒါတွေလည်း ပြင်ဆင် ချက်တွေထဲမှာ ကန့်သတ်ချက်တွေထဲမှာ ပါလာပါတယ်"

အဲဒီဥပဒေကြမ်းမှာ ဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းစရာမလိုတော့ဘဲ အသိပေးအကြောင်းကြားဖို့ ၊ ဆန္ဒပြတဲ့ မြို့နယ်တိုင်းက တရားစွဲစရာမလိုဘဲ တစ်မြို့နယ်တည်း ကသာ တရားစွဲဖို့ နဲ့ ၁၅ ရက်အတွင်းသာ တရားစွဲဖို့တို့ ပါဝင်ပါတယ်။

အရင်က ဆန္ဒပြပွဲတစ်ခုကို ဒုရဲအုပ်တစ်ဦးကသာ ကာကွယ်စောင့်ရှောက်ပေးရတာဖြစ်ပြီး အခုဥပဒေကြမ်းမှာ ဆန္ဒပြမယ့် လူအင်အားပေါ် မူတည်ပြီး ဒုရဲအုပ်ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးဖို့နဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ ဆန္ဒပြသူတွေကို လူစုခွဲရာမှာ အင်အားအလွန်အကျွံမသုံး ဖို့လည်း ဖြည့်စွက်ထားပါတယ်။

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ထံ ပေးပို့ပြီး လွှတ်တော် ၂ ရပ် အကြား သဘောထားကွဲလွဲတာတွေ ရှိရင် ပြည်ထောင်စုလွှတ်တော်ထံ တင်ပြသွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။