အမျိုးသားလွှတ်တော် ရပ်ဆိုင်း


2015.08.19
Share on WhatsApp
Share on WhatsApp
khinaungmyint-620.jpg အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ကို တွေ့ရစဉ်
Photo: RFA

ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့နဲ့ ရွေးကောက်ပွဲလုပ်ငန်းတွေ ဆောင် ရွက်ဖို့အတွက် အမျိုးသားလွှတ်တော်အစည်း အဝေးတွေကို ရပ်ဆိုင်းဖို့ အရေးကြီးအဆိုကို ဒီနေ့ အမျိုးသား လွှတ်တော်မှာ အတည်ပြု လိုက်ပါတယ်။  အဲဒီအရေးကြီးအဆိုကို ကြံ့ခိုင်ဖွံဖြိုးရေးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကြည်ထွန်းနဲ့ ဒေါက်တာဝင်းမြင့်အောင်တို့က မနေ့က တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့ စက်ခလုပ်နှိပ် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ထောက်ခံသူများတဲ့အတွက် အဆိုအတည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ကြေညာ လိုက်ပါတယ်။

"အတည်ပြုရန် သဘောတူ၊ မတူ လွှတ်တော်ရဲ့အဆုံးအဖြတ်ရယူပါမည်၊ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူ ရာမှာ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၇၊ နည်းဥပဒေ ၁ အရ စက်ခလုပ်အသုံးပြုပြီး လျှို့ဝှက်စွာ ဆန္ဒပြုတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်၊ ယခုလွှတ်တော်ရဲ့ဆန္ဒရယူပါမယ်၊ ဆန္ဒမဲပေးကြဖို့ အသင့်ရှိ စေချင်ပါတယ်၊ ဆန္ဒမဲပေးနိုင်ကြပါတယ်၊ ထောက်ခံ ၁၂၈၊ ကန့်ကွက် ၃၄၊ ကြားနေ ၁၄ မဲဖြစ်ပါတယ်၊ ထောက်ခံမဲများတဲ့အတွက် အရေးကြီးအဆိုကို အတည်ပြုကြောင်း ကြေညာပါတယ်"

အမျိုးသားလွှတ်တော်ကို ဒီနေ့ စတင်ရပ်နားမှာဖြစ်ပြီး ပြန်လည်ကျင်းပမယ့် ရက်ကိုတော့ ကြေညာခြင်းမရှိ ပါဘူး။ ပြည်သူ့လွှတ်တော်ရပ်နားဖို့ အဆိုကိုတော့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက မနေ့က ပယ်ချထားပြီး၊ ဆက်လက်ကျင်းပသွား မှာဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုလည်း ရပ်နားခြင်းမရှိဘူးလို့ သိရပါတယ်။

မနေ့က စတင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အခုကျင်းပတဲ့ လွှတ်တော် အစည်းအဝေးတွေကို ရပ်ဆိုင်းပေး ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖံ့ွဖြိုးရေးပါတီက ကိုယ်စားလှယ်တွေက တင်ပြခဲ့ ကြတာပါ။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီရဲ့လက်ရှိပူးတွဲဥက္ကဌ ဦးဌေးဦး ကတော့ လွှတ်တော်အစည်း အဝေးတွေ ကို ရပ်ဆိုင်းပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်တွေရဲ့တင်ပြချက်ဟာ မိမိတို့ပါတီနဲ့မသက် ဆိုင်ကြောင်း မနေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။

အခုလို ရေဘေးကူညီရေးဆောင်ရွက်ဖို့ဆိုပြီး အမျိုးသားလွှတ်တော် ရပ်နားလိုက်တာဟာ ပုံမှန်အခြေအနေဟုတ် သလား၊ လွှတ်တော်နှစ်ရပ်ရဲ့ အလားအလာ ဘယ်လိုရှိလာနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ လွှတ်တော်လေ့ လာစောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ Open Myanmar Initiative က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအေးကျော် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။