ပညာရေးဥပဒေပြင်ဆင်မှု မူကြမ်း အမျိုးသားလွှတ်တော် မှာ ဆွေးနွေး


2015.03.24
Share on WhatsApp
Share on WhatsApp
amyothar-hluttaw-305.jpg နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်း ကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့ စတင်ဆွေးနွေးခဲ့ ပါတယ်။

ကမ္ဘာ့အဆင့်မီတဲ့ ပညာရေးစနစ်ဖြစ်ဖို့အတွက် အင်္ဂလိပ် ဘာသာစကားကို အခြေခံပညာအဆင့်ကစပြီး အဓိက ဘာသာရပ်အဖြစ် သင်ကြားရေးကို ဥပဒေမူကြမ်းမှာ ထည့်သွင်းပေးဖို့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပေါ်လျှံလွင်က ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်တွေကို လက်တွေ့ကျကျ သင်ကြားနိုင်ရေး၊ တိုင်းရင်းသားဘာသာစကား သင်ကြားရေးနဲ့ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး စတဲ့အချက်တွေကို ဥပဒေမူကြမ်းမှာထည့်သွင်း ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဥပဒေမူကြမ်းကို သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်တွေ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် NNER၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားသပိတ်ကို ထောက်ခံသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေနဲ့ ကြားနာပွဲတွေကျင်းပပြီး တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီဥပဒေမူကြမ်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် ကိုယ်စားလှယ် ၇ ဦးက မနက်ဖြန်ကျင်းပမယ့် အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မပြုံးမို့မို့ဇင် က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။