ရိုမေးနီးယား ရုပ်ရှင်ပွဲတော်မှာ မြန်မာဇာတ်ကား အထူးဆုရရှိ


2014.08.30
the-monk-305.jpg ရိုမေးနီးယားနိုင်ငံက anonimul အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့တဲ့ မြန်မာဒါရိုက်တာ သည်မော်နိုင်ရဲ့ The Monk ရုပ်ရှင်ကားမှ ဇတ်ဝင်ခန်းတစ်ခုကို မြင်ရစဉ်
Photo: ANONIMUL IFF

မြန်မာလူငယ်ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ The Monk (ရဟန်း) ဆိုတဲ့  ဇာတ်လမ်းရုပ်ရှင်ဟာ ရိုမေးနီးယားနိုင်ငံ ရုပ်ရှင်ပွဲတော်မှာ အထူးဆု ဆွတ်ခူးသွားပါတယ်။

ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့မှာကျင်းပတဲ့  ၁၁ ကြိမ်မြောက် anonimul International Independence Film Festival အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ  Premiere Special အထူးဆု ရရှိတာပါ။

မြန်မာ့ကျေးလက်က ကိုရင်ငယ်ဘဝကနေ အရွယ်ရောက်လာတဲ့ ရဟန်းတစ်ပါးကို ဇာတ်အိမ်တည် ထားတဲ့ အဲဒီဇာတ်ကားဟာ ပြသချိန်  ၉၄ မိနစ်ရှိပြီး   တောင်ကိုရီးယားနိုင်ငံမှာ ဒီနှစ် အောက်တိုဘာ ၂ ရက်နေ့ကနေ  ၁၁ ရက်နေ့အထိကျင်းပမယ့်  ၁၉ ကြိမ်မြောက် ဘူဆန်ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ လည်း ရွေးချယ်ခံထားရပါတယ်။

A Window on Asian Cinema  အာရှရုပ်ရှင်ပြတင်းဆိုတဲ့ အစီအစဉ်မှာ ပြသမှာဖြစ်ပြီး ဒီကဏ္ဍဟာ အရည်အချင်းရှိ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ ရုပ်ရှင်ကားသစ်တွေကို အဓိကရွေးချယ်ပြသတာ ဖြစ်ပါတယ်။

ဥရောပတခွင်က ရုပ်ရှင်ပွဲတော်တွေမှာ တင်ဆက်နေတဲ့ ဒီရုပ်ရှင်အကြောင်း ဒါရိုက်တာ သည်မော်နိုင် ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။