အကျဉ်းသား ထပ်လွှတ်ရေး သမ္မတကို လူ့အခွင့်အရေးကော်မရှင် အိပ်ဖွင့်စာပေး
2011.11.13

ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေ၊ တခြား သတင်းရင်းမြစ်ဌာနတွေရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ ပေါင်း ၂ ထောင်ကျော် ရှိနေကြောင်း၊ ဒါပေမဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့ တိုက်ဆိုင် စစ်ဆေးချက်တွေအရ အကျဉ်းထောင်တွေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၅ ရာ လောက်သာ ရှိတယ်လို့ သိရကြောင်း၊ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တဲ့ အကျဉ်းသား (၆၃၅၉) ယောက်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၂ ရာကျော် ပါဝင်တဲ့အတွက် အားရကျေနပ်ကြောင်း၊ ကျန်နေသေးတဲ့ ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသူတွေ အပြင် နိုင်ငံတော်တည်ငြိမ်ရေးနဲ့ တိုင်းရင်းသား အကျိုးစီးပွားကို ထိပါးမယ့်အန္တရာယ် မရှိနိုင်တဲ့ အကျဉ်းသားတွေ ထပ်ပြီးလွှတ်ပေးဖို့ မေတ္တာရပ်ခံကြောင်း၊ သူတို့ကို လွှတ်ပေးလိုက်ခြင်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် အထောက်အကူ ဖြစ်နိုင်ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် မပေးနိုင်သေးတဲ့ သူတွေကိုလည်း မိသားစု တွေ့ဆုံဖို့ လွယ်ကူတဲ့ ထောင်တွေကို ပြောင်းရွှေ့ပေးရေး စဉ်းစားပေးဖို့ ရေးသား ဖော်ပြထားပါတယ်။
ဒီရေးသားချက်အရ လွှတ်ပေးဖို့ ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ အရေအတွက်ဟာ ၃ ရာလောက်သာ ကျန်နေတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP အပါအဝင် အတိုက်အခံ အဖွဲ့တွေက နိုင်ငံရေးအကျဉ်းသား (၂ဝဝဝ) ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အစိုးရပြောဆိုတဲ့ စာရင်းနဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ရှေ့နေ ဦးမင်းလွင်ဦးက နာမည်ရှိသူ နိုင်ငံရေးအကျဉ်းသားတွေတော့ ပြန်လွတ်လာနိုင်ပြီး နာမည် သိပ်မရှိသူတွေတော့ ကျန်နေနိုင်တယ်လို့ ဆိုပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမား အများအပြားရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့သူ ဥပဒေ အကြံပေး ဦးအောင်သိန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |