နိုင်ငံသားစိစစ်ရေးကိစ္စ ပြည်နယ် အစိုးရနဲ့ ဆွေးနွေးစေလို


2016.08.15
Share on WhatsApp
Share on WhatsApp
anp-office-620.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဌာနချုပ်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်က မွတ်စလင်တွေကို အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်နေတာနဲ့ ပတ်သက် ပြီး ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့ ကမ်းလှမ်းလိုက်ပါတယ်။

အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိတာကြောင့် တစ်ပတ်အတွင်း ANP ပါတီနဲ့ တွေ့ ဆုံဆွေးနွေးပေးဖို့ ကမ်းလှမ်းလိုက်တာဖြစ်တယ်လို့ ပါတီရဲ့ ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုး က ပြောပါတယ်။

"တစ်ပတ်အတောအတွင်းမှာ ပြည်နယ်အစိုးရနဲ့ ကျနော်တို့ပါတီက တာဝန်ရှိတဲ့သူတွေနဲ့ တွေ့နိုင်အောင် ကမ်းလှမ်းထားတာဖြစ်ပါတယ်၊ အဓိကက အခုစစ်ဆေးနေတဲ့ဟာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုမရှိဘူး၊ ဒီဟာကို ၁၉၈၂ ဥပဒေနဲ့ အမှန်တကယ်စစ်ဆေးမှုလုပ်တာ ဟုတ် မဟုတ် ဆိုတာကို ကျနော်တို့သိချင်တယ်၊ အဲ့ဒါနဲ့ပတ်သက်လို့ ဘယ်လိုလုပ်နေသလဲဆိုတာကို ပွင့်ပွင့်လင်းလင်းသိရအောင် ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုလုပ်တာဖြစ်ပါတယ်"

ဘူးသီးတောင်မြို့နယ်မှာ နိုင်ငံသားလျှောက်ထားသူ ၃၈ ဦးထဲက ၂၉ ဦးကို အစိုးရရဲ့ နိုင်ငံသားစိစစ်ရေးကော်မတီ က ပြန်လည်မစစ်ဆေးဘဲ နိုင်ငံသားပြုခွင့်ရသူတွေအဖြစ် ခွင့်ပြုပေးဖို့ ပြည်နယ် လ.ဝ.က ဌာနထံ တင်ပြထားတာကို သိရှိထားတဲ့အတွက် တောင်းဆိုတာဖြစ်ကြောင်း ဦးခိုင်ပြည်စိုး က ပြောပါတယ်။

အစိုးရရဲ့ နိုင်ငံသားစိစစ်ရေးကော်မတီထဲမှာ သက်ဆိုင်ရာမြို့နယ်ကိုယ်စားပြု ရခိုင်တိုင်းရင်းသားတွေကို ထည့်သွင်းပေးဖို့ ပါတီက တောင်းဆိုထားတာကို အစိုးရက လိုက်လျောတာမရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။