စစ်တွေ လွှတ်တော် သုံးရပ်လုံး ရခိုင်အမျိုးသားပါတီ ANP အနိုင်ရ

မင်းသိန်းအောင်
2020.11.10
anp-election-campaign-622.jpg စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီ ANP က ၂၀၂၀ နိုဝင်ဘာ ၆ ရက်နေ့က အင်အားပြမဲဆွယ်ခဲ့စဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ရွေးကောက်ပွဲမဲရလဒ်တွေကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ထုတ်ပြန် ကြေညာခဲ့ပြီး ပြည်နယ်လွှတ်တော် အမှတ်(၁)၊ အမှတ်(၂)၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် စတဲ့နေရာ လေးခုစလုံးကို ရခိုင်အမျိုးသားပါတီ ANP က အနိုင်ရရှိခဲ့ပါတယ်။

မြို့နယ်ကော်မရှင်အနေနဲ့ ကိုယ်စားလှယ်တစ်ဦးချင်းစီရဲ့  မဲရလဒ်အပေါ် ထုတ်ပြန်တာဖြစ်ပြီး အနိုင်ရရှိတဲ့ ကိုယ်စားလှယ်စာရင်းကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်ထုတ်ပြန်မှာဖြစ်တယ်လို့ စစ်တွေမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစံသာမောင် ကပြောပါတယ်။

လက်ရှိမှာတော့ မြို့နယ်အတွင်းက မဲရလဒ်စာရင်းတွေကို အထက်ကော်မရှင်အဆင့်ဆင့်ကို တင်ပြထားတယ် လို့လည်း ဆိုပါတယ်။

စစ်တွေမြို့နယ်က လွှတ်တော်သုံးရပ်စလုံးမှာ ရခိုင်အမျိုးသားပါတီ ANP၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP၊ ရခိုင့်ဦးဆောင်ပါတီ AFP နဲ့ ပြည်နယ်လွှတ်တော်အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦး စုစုပေါင်းကိုယ်စားလှယ်လောင်း ၁၇ ဦး ယှဉ်ပြိုင်ခဲ့ကြတာပါ။

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက မဲစာရင်းရလဒ်တွေ မစုံသေးတာကြောင့် ပြည်နယ်တစ်ခုလုံးရဲ့  အခြေအနေ ကိုတော့ ဒီနေ့ထုတ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့လည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးက ပြောပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။