လူကုန်ကူးမှု ဟန့်တားရေးအဖွဲ့ ၁၇ဝဝ နီးပါး မန္တလေးမှာဖွဲ့စည်း


2013.09.23

မန္တလေးတိုင်းဒေသကြီးမှာ ရပ်ရွာအခြေပြု လူကုန်ကူးမှု စောင့်ကြည့်ရေးအဖွဲ့ပေါင်း ၁၇ဝဝ နီးပါးကို ဖွဲ့စည်းပြီးဖြစ်တယ်လို့ မန္တလေးမြို့အခြေစိုက် လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီအဖွဲ့တွေကို ဖွဲ့စည်းရာမှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို အခြေခံပြီး ဖွဲ့စည်းတာဖြစ်တယ်လို့ မန္တလေးမြို့အခြေစိုက်  လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့က ရဲမှူး ဖေသိန်းကျော်က RFA ကို ပြောပါတယ်။

"မန္တလေးတိုင်းဒေသကြီးမှာ အကုန်လုံးဖွဲ့စည်းပြီး ဖြစ်ပါတယ်၊ ရပ်ကွက်တိုင်းမှာ ဖွဲ့ထားတာလေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဖွဲ့ခေါင်းဆောင်၊ ရာအိမ်မှူး၊ မီးသတ်၊ ကြက်ခြေနီ၊ အမျိုးသမီးရေးရာ၊ မိခင်နဲ့ကလေးက အဖွဲ့ဝင်တွေဖြစ်တယ်"

လူကုန်ကူးမှု စောင့်ကြည့်ရေးအဖွဲ့တွေကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအလိုက် လူကုန်ကူးမှုအကြောင်း အသိပညာပေးဖို့၊  ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်နေပြီး မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေသူတွေကို စာရင်းကောက်ယူဖို့စတဲ့ လုပ်ငန်းတာဝန် ၇ ချက်ကို သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။