ပင်လုံညီလာခံမခေါ်မီ စစ်အစိုးရနှင့် အရင်ဆွေးနွေးဖို့လိုကြောင်း ရခိုင်ပါတီပြောကြား

တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှခွင့် ရရှိရေးကို အာမခံမဲ့ စစ်မှန်သော ပြည်ထောင်စု ပေါ်ပေါက်ရေးဟာ အဓိက လိုလားချက်ဖြစ်ပြီး အဲဒီလိုလားချက်ကို အကောင်အထည်ဖော်မဲ့သူ ဘယ်သူနဲ့မဆို လက်တွဲ ဆောင်ရွက်သွားမယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ RFA ကို ပြောပါတယ် ။

2010.11.17
rakhine_RNDP_election_305_z.jpg ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ စစ်တွေမြို့နယ် ရုံးဖွင့်ပွဲကို ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo Courtesy of RNDP)
(Photo Courtesy of RNDP)

မြန်မာနိုင်ငံတွင်း တိုင်းရင်းသားလူမျိုးများရဲ့ ရပိုင်ခွင့် အခွင့်အရေးနဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်သင့်တယ်ဆိုတဲ့ အယူအဆကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည် မလွတ်ခင် ရက်ပိုင်းက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒုတိယအကြိမ် ပင်လုံညီလာခံခေါ်ယူရေး မတိုင်ခင်မှာ စစ်အာဏာပိုင်တွေ သို့မဟုတ် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်း ရောက်လာအောင် အရင်ဦးဆုံး ကြိုးပမ်းဖို့ လိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

NLD အနေနဲ့ ပါတီ တရားဝင် ရပ်တည်ခွင့် အခိုင်အမာ ဖြစ်လာမှသာ မိမိတို့ အပါအဝင် ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ အခြား တိုင်းရင်းသားပါတီတွေ အနေနဲ့လည်း ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေးကို တရားဝင် ဆက်လက် ဆွေးနွေးနိုင်မှာ ဖြစ်ကြောင်း ၊ ဒါ့အပြင် ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးမဲ့ လာမဲ့ လွှတ်တော်ဟာ အရေးကြီးပြီး ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ ဘယ်လောက် လိုလားတယ်ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ဆိုပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာ အေးမောင်နှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

တဆက်တည်းမှာလည်း နိုဝင်ဘာ ၁၆ ရက် အင်္ဂါနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ တွေ့ဆုံရာမှာ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေး ကိစ္စကို ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံလို့ အမည်ပေးဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်း NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကို RFA မှ ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-12-12 19:22

ပင်လုံညီလာခံက တဆင့်တိုင်းရင်းသားများရသင့်ရထိုက်တဲ့အခွင့်အရေးတွေ
ရလာမယ်ဆိုရင်တော့ ကြိဆိုတာပေါ့