ထိုင်းမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ခြောက်ဆယ်ခန့် ဖမ်းဆီးခံရ

RFA Burmese
2025.01.09
ထိုင်းမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ခြောက်ဆယ်ခန့် ဖမ်းဆီးခံရ ထိုင်းနိုင်ငံ၊ ဆာရာဘူရီခရိုင်တွင် ဖမ်းဆီးခံရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားအချို့အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် တွေ့ရစဉ်။
The Pattaya News

ထိုင်းနိုင်ငံ၊ ဆာရာဘူရီခရိုင်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၈ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်း The Pattaya က ဇန်နဝါရီလ ၈ ရက်နေ့မှာ ဖော်ပြပါတယ်။

ဆာရာဘူရီခရိုင် အမြန်လမ်းမတစ်ခုမှာ သတင်းအရ ပစ်ကပ်ထရပ်ကားတစ်စီးကို ဇန်နဝါရီလ ၇ ရက်နေ့က ကြားဖြတ်စစ်ဆေးရာက အခုလိုဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကလည်း ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ခဲ့တာကို ဝန်ခံခဲ့တဲ့အတွက် သက်ဆိုင်ရာ ရဲဌာနကို လွှဲပြောင်းပေးထားပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ဖစ်ချဘွန်ခရိုင်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၆ ဦး အဖမ်းခံလိုက်ရတယ်လို့ ထိုင်းသတင်းဌာနဖြစ်တဲ့ Khaosod က ဖော်ပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာမှုတွေ များနေသလို လူကုန်ကူးခံရမှုတွေလည်း များနေတယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီလက်ထဲ အတင်းအကျပ် ပြန်မပို့ဖို့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။