AIDS လူနာ တစ်သိန်းကျော် ART ဆေး အခမဲ့ကုသမှု ရမည်


2014.12.01
art-hiv-drug-305.jpg Antiretroviral Therapy - ART ဆေးတချို့ကို တွေ့ရစဉ်
www.positiveblog.com

မြန်မာနိုင်ငံမှာ ခုခံအားကျဆင်းမှု HIV ရောဂါ ပိုးကူး စက်ခံထားရတဲ့လူနာ တစ်သိန်းတစ်သောင်းလောက် ကို၂၀၁၆ ခုနှစ်မှာ Antiretroviral Therapy - ART ဆေးနဲ့ အခမဲ့ကုသပေးသွားမှာဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က ဒီကနေ့ ပြောပါတယ်။

နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင်က အခုလို ပြောခဲ့ တာဖြစ်ပါတယ်။

"ခန့်မှန်းတွက်ချက်မှုများအရ ၂ဝ၁၃ ခုနှစ်တွင် ART ဆေးဝါးဖြင့် ကုသပေးရန် လိုအပ်သောလူနာများ ၁ သိန်း ၂ သောင်းကျော်ရှိသည့်အနက် ၂ဝ၁၄ ခုနှစ် ဇွန်လတွင် ရရှိသောစာရင်းအရ HIV, AIDS လူနာစုစုပေါင်း ၇ သောင်း ၅ ထောင်ခန့်ကို ART ဆေးဝါးဖြင့် အခမဲ့ကုသနိုင်ခဲ့သည်၊ ၂ဝ၁၆ ခုနှစ်အကုန်မှာ ART ဆေးဝါးဖြင့် ကုသရန်လိုအပ်တဲ့ လူနာစုစုပေါင်း ၁ သိန်း ၁ သောင်းခန့်ကို အခမဲ့ကုသနိုင်ရန် စီစဉ်ထားရှိပြီဖြစ်ကြောင်း တင်ပြလိုပါတယ်"

လာမယ့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ART ဆေးဝယ်ယူဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၅ သန်းခန့်ကို အသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဒီအက်စ် ကာကွယ်မှုအစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ HIV ရောဂါပိုးကူးစက်ခံနေရသူ ၂ သိန်းခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။