လူကုန်ကူးမှုတားဆီးရေး အာဆီယံ ဆွေးနွေး

RFA Burmese
2024.08.15
လူကုန်ကူးမှုတားဆီးရေး အာဆီယံ ဆွေးနွေး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားပြုလုပ်စဉ်။
Photo: AFP

လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း အစည်းအဝေးကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တယ်လို့ Jakarta Globe သတင်းက သြဂုတ် ၁၅ ရက်မှာ ဖော်ပြပါတယ်။

လူကုန်ကူးမှုပြဿနာကို အာဆီယံက အလေးပေးဖို့လိုအပ်တယ်လို့ အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူက ဒီလ ၁၄ ရက်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ပြောကြားပါတယ်။

၂၀၂၀ က ၂၀၂၃ အတွင်း အရှေ့တောင်အာရှ ဒေသတွင်းက အင်ဒိုနီးရှားကိုယ်စားလှယ်တွေဟာ လူကုန်ကူးမှု ၂၄၀၀ ကျော်ကို ကိုင်တွယ်ခဲ့ရပြီး ကမ္ဘောဒီးယား ၁၂၀၀ ကျော်၊ မြန်မာက ၂၀၀ ကျော်၊ လာအိုက ၂၇၀ ကျော်နဲ့ ထိုင်း၊ ကျန်တာတွေက ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေအမှုတွေ ဖြစ်ပါတယ်။

၂၀၂၁ တုန်းက ကမ္ဘောဒီယားနိုင်ငံသားတွေ လူကုန်ကူးခံရမှု ၁၁၆ မှုနဲ့ မြန်မာက ၇၇ မှုရှိခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။