အကြမ်းဖက်မှုတွေလျှော့ချပြီး တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို အာဆီယံတိုက်တွန်း

RFA Burmese
2023.02.03
Share on WhatsApp
Share on WhatsApp
အကြမ်းဖက်မှုတွေလျှော့ချပြီး တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို အာဆီယံတိုက်တွန်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသည့် ၃၂ ကြိမ်မြောက် အာဆီယံညှိနှိုင်းရေးကောင်စီအစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi အဖွင့်မိန့်ခွန်းပြောနေစဉ်။
AFP

မြန်မာနိုင်ငံရဲ့ ပိုဆိုးလာနေတဲ့ အကျပ်အတည်းတွေကို အဆုံးသတ်ဖို့အတွက် အကြမ်းဖက်မှုတွေလျှော့ချပြီး တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။ ဒါအ့ပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အနှောက်အယှက် အဟန့်အတားမရှိ ပေးခွင့်ပြုဖို့ကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို ့မှာ ဖေဖော်ဝါရီ ၃ ရက် မနေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး အဓိကဆွေးနွေးခဲ့ကြပြီးနောက် အခုလို တိုက်တွန်းလိုက်တာပါ။

အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲက မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းတဲ့ ပြေလည်မှုရဖို့ အဓိကအချက်ဖြစ်ကြောင်း အာဆီယံဝန်ကြီးတွေက သဘောတူညီခဲ့ကြတယ်လို့ အစည်းအဝေးဦးဆောင်ကျင်းပတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။

အကြမ်းဖက်မှုတွေကို လျှော့ချပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးခြင်းဟာ ယုံကြည်မှုနဲ့ ယုံကြည်မှုတည်ဆောက်ဖို့အတွက် ပဓာနကျတယ်လို့လည်း ဆိုပါတယ်။

၂ ရက်တာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒီအစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ပေမယ့် ၂၀၂၁ ခုနှစ်မှာ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဝန်ကြီးများအစည်းအဝေးတွေကနေ ဖယ်ထုတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။