သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ မနက်ဖြန်မနက်ပိုင်း တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ အာအက်ဖ်အေက စုံစမ်းသိရှိရပါတယ်။

2012.04.10
dassk-thein-sein ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့စဉ် မြင်ကွင်း ဖြစ်ပါသည်။
MRTV

သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းမှာ NLD ပါတီ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

နေပြည်တော်က သမ္မတ အိမ်တော်မှာ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြမှာဖြစ်ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့လည်း နောက်ပိုင်းမှာ တွေ့ဆုံမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ပြောပါတယ်။ ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ပြောကြားခွင့် မရှိသေးဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကို မနက်ဖြန် လေယာဉ်နဲ့ သွားရောက်မှာဖြစ်ပြီး ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဦးခင်မောင်စိုးက မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။