ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံသင့်ကြောင်း UDP ပြောကြား

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ် အမြန် ရောက်ဖို့ ဆိုရင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေတို့ နှစ်ဦး တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ လိုကြောင်း ပြည်ထောင်စုဒီမိုကရေစီပါတီ UDP က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

2010.12.27

၂၀၁၁ ခုနှစ် နှစ်ဦးအတွက် ထုတ်ပြန်တဲ့ UDP ပါတီရဲ့ အထူး ကြေညာချက်မှာ အခုလို ဖော်ပြလိုက်တာ ဖြစ်ပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေဟာ ၂ လမ်းသွား စနစ်နဲ့ ဖြေရှင်းဖို့လိုကြောင်း UDP ပါတီဥက္ကဋ္ဌ ဦးသိန်းတင်အောင်က ပြောပါတယ်။

ဒီကြေညာချက်မှာ အချက် ၅ ချက် ပါဝင်ပြီး ရွေးကောက်ပွဲ ရလဒ်ဟာ ကျေနပ်ဖွယ် မဖြစ်ပေမယ့် ရွေးကောက်ပွဲက ဖြစ်လာမယ့် လွှတ်တော်နိုင်ငံရေးကို ဆက်လက် လုပ်ဆောင်မှာ ဖြစ်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရေး လိုအပ်ကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး လိုအပ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး UDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းတင်အောင်ကို RFA က ကိုကျော်မင်းထွန်း ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-12-27 10:54

ဦးသိန်းတင်အောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးသန်းရွှေတွေ့ဆုံဆွေးနွေးနိုင်ဖို့
ဦးသန်းရွှေရဲ့ Dead Body ကြီးနဲ့ စကားပြန်တစ်ယောက်
ကို ရန်ကုန်ကုန်ကိုအရင် မ လာခဲ့ကြပါ။