အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးမထောက်ပံ့ဘူးလို့ ဩစတြေးလျ သံရုံးထုတ်ပြန်

RFA Burmese
2023.08.29
အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးမထောက်ပံ့ဘူးလို့ ဩစတြေးလျ သံရုံးထုတ်ပြန် ရခိုင်ပြည်နယ်အတွင်း UNOCHA မှ ကူညီထောက်ပံ့ပေးမှုများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။
UNOCHA Myanmar

အာဏသိမ်းစစ်ကောင်စီကို ငွေကြေးတိုက်ရိုက်မထောက်ပံ့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက ဩဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဩစတြေးလျရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးမူဝါဒသစ်အကြောင်း ထုတ်ပြန်ရာမှာ စစ်အာဏာရှင်အဖွဲ့အစည်းတွေကို တိုက်ရိုက်ငွေကြေးထောက်ပံ့တာ မလုပ်ကြောင်း ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

ဩစတြေးလျအစိုးရက မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့ ကာလရှည်သန္နိဌာန်ချထားပြီး အချို့တဲ့ဆုံးနဲ့ ထိခိုက်အလွယ်ဆုံးသူတွေရဲ့ လိုအပ်ချက်တွေကို ဦးစားပေးထောက်ပံ့သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းက လူပေါင်း သန်းတစ်ရာကျော်ဟာ စစ်ပွဲတွေ၊ အကြမ်းဖက်မှု၊ ဖိနှိပ်ဆက်ဆံမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ခွာပြောင်းရွှေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဩဂုတ်လ ၁၄ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းကျော်ဟာ စစ်ကောင်စီ အာဏာသိမ်းပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက အခုချိန်ထိ စစ်ကောင်စီအဖွဲ့ဝင် ၁၆ ယောက်ကို ဩစတြေးလျအစိုးရက ပစ်မှတ်ထားဒဏ်ခတ်အရေးယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။