တစ်ပတ်ကျော်ပိတ်ထားတဲ့ ဗန်းမော်လေဆိပ် ပြန်လည်ပြေးဆွဲ

RFA Burmese
2024.03.18
တစ်ပတ်ကျော်ပိတ်ထားတဲ့ ဗန်းမော်လေဆိပ် ပြန်လည်ပြေးဆွဲ ဗန်းမော်လေဆိပ်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဥ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဗန်းမော်မြို့လေဆိပ်ကို မတ်လ ၁၅ ရက်နေ့ကတည်းက ပြန်လည်ပြေးဆွဲနေပြီလို့ လေယာဉ်လက်မှတ်ရောင်းချသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၇ ရက်နေ့က ဗန်းမော်လေဆိပ်မှာရှိတဲ့ လေယာဉ်ပြေးလမ်းပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လေဆိပ်ကို ရှစ်ရက်အကြာ ပိတ်ထားခဲ့တာပါ။

မတ်လ ၁၅ ရက်နေ့မှာတော့ လေဆိပ်ကို ပြန်လည်ဖွင့်လှစ်ပြီး ပုံမှန်ပြေးဆွဲနေပြီလို့ ဗန်းမော်မြို့မှာရှိတဲ့ လေယာဉ်လက်မှတ် ရောင်းချသူတစ်ဦးက RFA ကို ပြောပါတယ်။

"အခုက လေဆိပ်က ရှစ်ရက်ကြာပိတ်ထားခဲ့တော့ ပိတ်ထားတဲ့အချိန်က နစ်နာခဲ့တဲ့သူတွေကို အစားထိုး ပြေးဆွဲပေးနေတယ်။ ဒီကြားထဲကိုတော့ လက်မှတ်ဝယ်မရသေးဘူး။ လောလောဆယ် MNA လေကြောင်းလိုင်း တစ်ခုပဲ ဆင်းသေးတယ် ”

လတ်တလော မြန်မာအမျိုးသား လေကြောင်းလိုင်းတစ်ခုသာ ဗန်းမော်လေဆိပ်ကို တစ်ပတ်တစ်ကြိမ် ပြေးဆွဲနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာမသိမ်းခင်က ရန်ကုန် - ဗန်းမော် လေယာဉ်လက်မှတ်ခဟာ နှစ်သိန်းကျော်သာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ လေးသိန်းနီးပါးရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၉ ရက်နေ့ကလည်း မြစ်ကြီးနားလေဆိပ်ကို လုံခြုံရေးအခြေအနေကြောင့် ခေတ္တပိတ်ထားခဲ့ပြီး မတ်လ ၁၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။