ဗန်းမော်ဆရာတော် ပျံလွန်တော်မူ

RFA Burmese
2023.05.25
ဗန်းမော်ဆရာတော် ပျံလွန်တော်မူ နိုင်ငံတော်သံဃာ့မဟာနယကအဖွဲ့ဥက္ကဋ္ဌ နဝမ ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသဟ။
Citizen Journalist

နိုင်ငံတော် သံဃာ့မဟာနယကအဖွဲ့ဥက္ကဋ္ဌ နဝမ ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသဟာ မေလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်မှာ ပျံလွန်တော်မူသွားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရက်ရှည်ဆေးကုသမှုခံယူခဲ့ရပြီးနောက် ဆရာတော်ဟာ သူသီတင်းသုံးရာ မန္တလေး ဗန်းမော်ကျောင်းတိုက်မှာ ပျံလွန်တော်မူသွားတာလို့ ဆရာတော်ရဲ့ တပည့်တွေထံကနေ သိရပါတယ်။

ပျံလွန်တော်မူချိန်မှာ သက်တော် ၉၅ နှစ် ဝါတော် ၇၅ ဝါ ရှိပါပြီ။

ဆရာတော်ဟာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ရဘဲရွာဇာတိဖြစ်ပါတယ်။ အသက် ၁၄ နှစ်အရွယ်မှာ သာသနာ့ဘောင်ကို စတင်ဝင်ရောက်ခဲ့ပါတယ်။

သာသနာဘွဲ့ထူးတွေ များစွာရရှိထားပြီး၊ အဋ္ဌကထာကျမ်းကြီး ကိုးကျမ်းကို ပါဋ္ဌိဘာသာနဲ့ ဖြေဆိုအောင်မြင်ပြီး "သိရောမဏိ" ဘွဲ့ကိုရထားတဲ့ မြန်မာနိုင်ငံက တစ်ဦးတည်းသော ဆရာတော်လည်း ဖြစ်ပါတယ်။

ဆရာတော်ဟာ ၂ဝ၁၀ ပြည့်နှစ်ကစတင်ပြီး သံဃာ့မဟာနယကအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။