အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံမှာ သမ္မတဘိုင်ဒင် မြန်မာ့အရေးပြောဖို့ရှိ

2022.11.11
အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံမှာ သမ္မတဘိုင်ဒင် မြန်မာ့အရေးပြောဖို့ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်။
Photo: Reuters

အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံအတွင်း စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုဆွေးနွေးဖို့ရှိနေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုလိုအပ်နေတဲ့ အခြေအနေတွေ၊ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းတွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။

သမ္မတဘိုင်ဒင်တက်ရောက်မယ့် အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကို မနက်ဖြန် နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပပါမယ်။

ဒီညီလာခံကို မြန်မာစစ်တပ်ဘက်ကရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကပါ တက်ရောက်ခွင့်မရပါဘူး။

NUG အစိုးရကတော့ အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေ စတင်ကျင်းပတဲ့ ဒီကနေ့မှာပဲ သူတို့ရေးဆွဲထားတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် လမ်းပြမြေပုံကို ညီလာခံကို ပေးပို့ခဲ့ပါတယ်။

အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံအတွင် ရုရှား-ယူကရိန်း စစ်ပွဲ၊ တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ မြန်မာ့အရေး အလေးပေးဆွေးနွေးကြဖို့ ရှိပါတယ်။

အမေရိကန်နဲ့ အာဆီယံကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ အာဆီယံဒေသတွင်း နေထိုင်သူ လူဦးရေ တစ်ဘီလီယံအတွက် အလေးပေးဆွေးနွေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။