မသမာမှုတွေကြားနေရတဲ့ ရွေးကောက်ပွဲ

မြန်မာပြည်တဝှမ်း ဒီကနေ့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ရာမှာ ပြည်နယ် အတော်များများမှာ ဒေသခံ တိုင်းရင်းသားပါတီတွေက အရွေးချယ်ခံရ တယ်လို့ ဆိုပါတယ်။ အထက်မြန်မာပြည် မန္တလေးမြို့နဲ့ ရန်ကုန်တိုင်းမှာ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ကမာရွတ် မြို့နယ်တွေက ရပ်ကွက်အများစုမှာ NDF အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားလှယ်တွေ အနိုင်ရတယ်လို့ သတင်းရပါတယ်။

2010.11.07
election_voting_thu_wai_305_z စစ်အစိုးရ ကျင်းပသည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ - မြန်မာပြည် ဥက္ကဋ္ဌ ဦးသုဝေ မဲပေးနေပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

တာမွေမြို့နယ်က ရပ်ကွက် အတော်များများမှာ ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စု မြန်မာနိုင်ငံ) လို့ အမည်ပေးထားတဲ့ ဦးရဲထွန်း ဦးဆောင်တဲ့ပါတီက အနိုင်ရကြောင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်ဘက်မှာတော့ ဦးသုေ၀ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ရပ်ကွက် အများစုမှာ အနိုင်ရကြောင်း သိရပါတယ်။

ဒီကနေ့ ရွေးကောက်ပွဲတွေကို လာရောက်မဲပေးသူ အရေအတွက် အတော် နည်းပါးတယ်လို့ သိရပါတယ်။ ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ ဆိပ်ကမ်းမြို့နယ်တွေမှာ မဲပေးခွင့်ရှိသူ ၂ သိန်းကျော်အနက် ၇ သောင်းသာ လာရောက်မဲပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝှမ်းက မဲရုံအသီးသီးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲစည်းကမ်း ဖောက်ဖျက်တဲ့ လုပ်ရပ်တွေ တွင်တွင်ကျယ်ကျယ် ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တခြားနိုင်ငံရေးပါတီတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။