ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ

အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတခု ဖြစ်တဲ့ ဂျော်ဒန်နိုင်ငံ ဟာဆန်းမြို့ အိုအေစစ် အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား နှစ်ရာကျော်ဟာ အခြေခံလစာငွေ တိုးပေးဖို့ ဧပြီလ (၂၄) ရက်နေ့က စပြီး ဆန္ဒပြနေကြောင်း သတင်းရရှိပါတယ်။

2011.05.07

ရန်ကုန်မြို့မှာ ပွဲစားနဲ့ စာချုပ်ချုပ်စဉ် အခြေခံလစာအဖြစ် ဂျော်ဒန်နိုင်ငံသုံးငွေ JD (၁၁ဝ) ပေးမှာဖြစ်ပြီး အဲဒီနောက်ပိုင်း JD (၂ဝဝ) ကျော်အထိ တိုးမြင့် ပေးသွားမယ်လို့ ကတိပေးခဲ့ပေမယ့် ကတိအတိုင်း ဖြစ်မလာတဲ့အပြင် စားစရိတ် ဖြတ်တောက်တာ၊ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျငွေ ထုတ်မပေးတာတွေကြောင့် အခုလို ဆန္ဒပြရတာဖြစ်ကြောင်း ဆန္ဒပြရာမှာ ပါဝင်သူ မမေမျက်ဝန်းက RFA ကို ပြောပါတယ်။

ဂျော်ဒန်နိုင်ငံမှာ နိုင်ငံခြားသားတွေ ရသင့်တဲ့ အခြေခံလစာအဖြစ် JD (၁၁ဝ) သတ်မှတ်ထားပြီး ဂျော်ဒန် နိုင်ငံသားတွေအတွက် အခြေခံလစာကတော့ JD (၁၅ဝ) ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေ အလုပ်လုပ်နေတဲ့ တခြား အထည်ချုပ် စက်ရုံတွေမှာတော့ စားစရိတ်လည်း မဖြတ်တဲ့အပြင် ကျန်းမာရေး စောင့်ရှောင့်မှုတွေလည်း ပေးပြီး လစာငွေလည်း ပိုပေးကြောင်း သိရပါတယ်။

အခု ဆန္ဒပြနေကြတဲ့ စက်ရုံမှာ မြန်မာအလုပ်သမား ၂၃၅ ဦး ရှိပါတယ်။ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံသားတွေလည်း လုပ်ကိုင်နေကြပြီး တရုတ်နဲ့ ဗီယက်နမ် နိုင်ငံသားတွေက လွဲလို့ ကျန်တဲ့ နိုင်ငံသားတွေ အားလုံး ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

အကြောင်းစုံကို ဆန္ဒပြ အလုပ်သမားတွေနဲ့ ဆက်သွယ်မေးမြန်းပြီး RFA အဖွဲ့သား ဦးဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မေးမြန်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။