ကလေးစစ်သား ၇၅ ဦး တပ်မတော်က ပြန်လွှတ်ပေး


2018.08.31
child-soldiers-release-622.jpg ကလေးစစ်သား ၆၇ ဦးကို ပြန်လည်နုတ်ထွက်ခွင့်ပြုပြီး မိဘတွေဆီကို ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့စဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြန်မာ့တပ်မတော်က ကလေးစစ်သား ၇၅ ဦးကို သောကြာနေ့ မနေ့က စစ်မှုထမ်းအဖြစ်က ပြန်လွှတ်ပေးလိုက် တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပြောကြားပါတယ်။

ဒါဟာ ကလေးစစ်သား ပပျောက်ရေးအတွက် တိုးတက်တဲ့ လုပ်ဆောင်မှုတစ်ခုပါပဲလို့ ကုလအရာရှိတစ်ဦးက ပြောပါတယ်။

၂ဝ၁၂ ခုနှစ် ဇွန်လမှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ စာချုပ်ပြီးနောက်ပိုင်း အခုအချိန်ထိ မြန်မာ့တပ်မတော်က ပြန်လွှတ်ပေးတဲ့ ကလေးစစ်သား စုစုပေါင်း ၉၂၄ ဦးရှိသွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာပါ ကလေးစစ်သားတွေ ရှိနေဆဲပဲလို့ ကုလသမဂ္ဂက ထုတ်ပြန်ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။