မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရေး မျှမျှတတဆောင်ရွက်ဖို့ တရုတ်ပြော

RFA Burmese
2024.11.28
မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရေး မျှမျှတတဆောင်ရွက်ဖို့ တရုတ်ပြော ၂ဝ၁၈ ခုနှစ် မတ်လ ၂၇ ရက်နေ့က ရန်ကုန်တွင် ကျင်းပသည့် အာဇာနည်နေ့အခမ်းအနား တက်ရောက်လာသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: AFP

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေက လျှောက်ထားခဲ့တာနဲ့ပတ်သက်ပြီး ICC အနေနဲ့ မှန်မှန်ကန်ကန်နဲ့ မျှမျှတတဆောင်ရွက်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာလ ၂၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန် (Karim AA Khan) က ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက် က လျှောက်ထားတာနဲ့ပတ်သက်ပြီး အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ICC တရားလိုရှေ့နေကတော့ အဆိုပြုလျှောက်ထားတဲ့ ဖမ်းဝရမ်းကို ICC က ထုတ်ပြန်ဖို့ကိစ္စမှာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းအားထုတ်ရာမှာ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။