ချင်းတွင်းမြစ်ထဲ စစ်သင်္ဘောတိမ်းမှောက်၊ လူတစ်ရာကျော်ပျောက်ဆုံးနေ

RFA Burmese
2023.09.19
ချင်းတွင်းမြစ်ထဲ စစ်သင်္ဘောတိမ်းမှောက်၊ လူတစ်ရာကျော်ပျောက်ဆုံးနေ ချင်းတွင်းမြစ်အတွင်းသွားလာနေတဲ့ စစ်သင်္ဘောတစ်စီးကို တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ရှဲနတ်တောင်နား ချင်းတွင်းမြစ်ထဲမှာ စစ်သင်္ဘောတစ်စီးတိမ်းမှောက်ပြီး လူတစ်ရာကျော် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဟုမ္မလင်းမြို့ကနေထွက်လာတဲ့ အဲဒီသင်္ဘောဟာ ပျူစောထီးရွာလို့ လူသိများတဲ့ မင်းကင်းမြို့ ပန်းဆက်ရွာမှာရပ်ပြီး ရိက္ခာနဲ့ လက်နက်တွေတင်ဆောင်ခဲ့သလို ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေကိုပါ တင်ဆောင်လာတာလို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။

အဲဒီသင်္ဘောဟာ ရှဲနတ်တောင်အငူကိုဝင်တိုက်ပြီး တစ်စီးလုံး နှစ်မြုပ်သွားတာပါ။ လိုက်လာတဲ့သူတွေထဲက နှစ်ဦးပဲ လွတ်မြောက်ပြီး ကျန်တဲ့သူတွေ အားလုံးကတော့ ပျောက်ဆုံးနေဆဲပဲလို့ ဒေသခံက ပြောပါတယ်။

“ပျူစောထီးမိသားစုဝင်တွေထဲက ကျောင်းသွားတက်မဲ့ ကျောင်းသား၊ ကျောင်းသူတွေပါတယ်။ သမ္ဗန်အသေးတွေနဲ့ သူတို့ကယ်ဆယ်ရေးလုပ်နေတယ်။ လွတ်လာတာ နှစ်ယောက်ပဲဆိုတော့ ကျန်တာတော့ အသေလို့ပဲ တွက်လို့ရမှာပေါ့။ အလောင်းကတော့ ခြောက်လောင်း ခုနစ်လောင်းလောက်ပဲ ရသေးတယ်”

သင်္ဘောပေါ်မှာ စစ်ကောင်စီ ညွှန်မှူးတစ်ဦး၊ စစ်ကောင်စီ တပ်သား ငါးဦးနဲ့ ဗျူစောထီးအဖွဲ့ဝင်တွေလည်းပါသလို ကျောက်စိမ်းတွေလည်း သယ်ဆောင်လာတယ်လို့ ဆိုပါတယ်။

သင်္ဘောပေါ်ပါလာတဲ့သူတွေနဲ့ ပတ်သက်လို့ RFA က သီခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။