ကန့်သတ်ချက်ဖြင့် လွှတ်ခြင်းမျိုးကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ
2010.11.10
ဥပဒေကြောင်းအရ ချမှတ်ထားတဲ့ ချုပ်ရက်စေ့သူကို အကြောင်းပြပြီး ဆက်လက် ချုပ်နှောင်ခွင့်ပြုတဲ့ ဥပေဒမျိုး မရှိတဲ့အတွက် လွှတ်ပေးရမှာ ဖြစ်တယ်လို့ ရှေ့နေဖြစ်သူ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးဖို့ အခုအချိန်အထိ အမိန့်တစုံတရာ မရရှိသေးဘူးလို့ အမည်မဖော်လိုတဲ့ မြန်မာစစ်အစိုးရ အရာရှိတဦးက AFP သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ၁၃ ရက်နေ့အတွက် လုံခြုံရေး ကိစ္စတွေကိုတော့ ပြင်ဆင် ဆောင်ရွက်နေရကြောင်း အဲဒီအမည်မဖော်လိုတဲ့ အရာရှိက ဆက်လက် ပြောကြားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမယ်၊ မပေးဘူးဆိုတာလည်း နောက်ဆုံး အချိန်ကျမှပဲ ကပ်ပြီး သိရမှာ ဖြစ်တယ်လို့ အဲဒီအရာရှိက ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကု ိပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်းက နေအိမ်အကျယ်ချုပ် ကန့်သတ်ချက်ကို ချိုးဖောက်တယ်ဆိုကာ နောက်ထပ် ၃ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်းမွန်စွာ နေထိုင်မှသာ ၁၈ လပြည့်ရင် ပြန်လွှတ်ပေးရမယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုးထားတဲ့ နိုင်ငံတော်ပြန်တမ်းကို တရားရုံးမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ကိုယ်တိုင် လာရောက် ဖတ်ကြားပြီး ပြစ်ဒဏ်ကို ၁၈ လ လျှော့ပေါ့ခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်း အသေးစိတ်ကို NLD ပြောခွင့်ရသူနဲ့ ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းကို RFA မှ ကိုဇော်မိုးကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန် |