ပြည်တွင်း ကိုဗစ် ၁၉ ကူးစက်မှု ပြန်လည်မြင့်တက်နေ

2022.09.08
Share on WhatsApp
Share on WhatsApp
ပြည်တွင်း ကိုဗစ် ၁၉ ကူးစက်မှု ပြန်လည်မြင့်တက်နေ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကိုဗစ်-၁၉ ကူးစက်လူနာများအား သွေးပေါင်ချိန်တိုင်းပေးနေစဉ်
Photo: Reuters

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်မှုနှုန်းဟာ အခုရက်ပိုင်းတွေအတွင်း သိသိသာသာများ လာနေပြီး ဓာတ်ခွဲခန်း နမူနာ အများစုအထဲမှာ ပြည်တွင်း ကူးစက်မှုတွေက အများဆုံးဖြစ် နေတယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါ တယ်။

စက်တင်ဘာလ ၇ ရက်နေ့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ စုစုပေါင်း ၉,၈၀၈ ခုကို စစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာသစ် ၂၂၃ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်ခွဲအတည်ပြု လူနာအသစ် ၂၂၃ ဦးမှာ ၁၄ ဦးက ပြည်ပကဝင်ရောက်လာသူတွေဖြစ်ပြီး ရာခိုင်းနှုန်းအနေနဲ့ (၆.၃) ရာခိုင်နှုန်းရှိပါတယ်။ ကျန် ၂၀၉ ဦးဟာ ပြည်တွင်းကူးစက်မှုဖြစ် ပြီး ၉၃.၇ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း ကိုဗစ် ၁၉ ကူးစက်မှု သိသိသာသာများလာတာကြောင့် အရင်ကလို နှာခေါင်းစည်း (mask) ပြန်တပ်နေရတယ်လို့ ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါတယ်။

“အခုရက်ပိုင်းတွေမှာ သတိထားမိလာတာရှိတယ်။ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ချက်တွေမှာ ကိုဗစ် ကူးစက်တာက တစ်ရက်ထက်တစ်ရက် ပိုများ လာနေတယ်။ အဲဒါကြောင့် အရင်ကလို အပြင်သွားတဲ့အခါတိုင်း mask ပြန်တပ်နေရ တယ်။ တတိယလှိုင်းလို မဖြစ်လာဖို့ပဲ မျှော်လင့်ထားတယ်”

ဩဂုတ်လအတွင်းမှာ လူနာအသစ် တွေ့ရှိမှုအနေနဲ့ ဩဂုတ်လ ၃၁ ရက်နေ့က ၈၇ ဦးနဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီအထဲက ၁၄ ဦးက ပြည်ပနိုင်ငံက ပြန်လာသူတွေဖြစ်ပြီး ကျန် ၇၃ ဦးက ပြည်တွင်း ကူးစက်တာဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်းမှာ စက်တင်ဘာလ ၇ ရက်နေ့အထိ ကိုဗစ် ၁၉ အတည်ပြုလူနာပေါင်း ၆၁၆,၀၂၃ဦး အထိရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၉,၄၄၂ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်တွေအရ ဩဂုတ်လ ၃၀ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်နေ့အတွင်း ပြည်တွင်းမှာ ကိုဗစ် ၁၉ ကြောင့် သေဆုံးသူ လေးဦး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။