နိုင်ငံတကာရောက်မြန်မာများ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်ပြုလုပ်

ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2021-06-19
Share

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲကို နယူးယောက်မြို့ ကွင်းစ် ရပ်ကွက်မှာ ပြုလုပ်ခဲ့ပါတယ်။

CRPH ရဲ့ အသိအမှတ်ပြု ရန်ပုံငွေ ရှာဖွေရေး အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ "Support the Democracy movement in Burma" SDMB အဖွဲ့ကနေ ဦးစီးပြီး ကျင်းပပြုလုပ်တဲ့ ဒီ ဈေးရောင်းပွဲမှာ မြန်မာအစားအသောက်ဆိုင်ခန်း ဆိုင်ခန်းပေါင်း ၃၀ ကျော်နဲ့ နွေဦးတော်လှန်ရေး အမှတ်တရပစ္စည်း အရောင်းဆိုင် ၅၀ လောက် ပါဝင်ရောင်း ချခဲ့ပြီး၊ နယူးယောက်မြို့နေ မြန်မာနဲ့ အခြားလူမျိုးတွေ လာရောက်ဝယ်ယူ စားသောက်ခဲ့ကြပါတယ်။

ဒီရန်ပုံငွေ ရှာဖွေရေး ဈေးရောင်းပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း SDMB အဖွဲ့က ကိုအောင်မိုးဝင်းက ပြောပြခဲ့ပါတယ်။

ယူကေနိုင်ငံ လန်ဒန်မြို့မှာလည်း ဗြိတိသျှ ပါလီမန် ရင်ပြင်ရှေ့ ပန်းခြံမှာ ယူကေနိုင်ငံရောက် မြန်မာတွေ ဆန္ဒပြ လှုပ်ရှားမှုတွေ ပြုလုပ်ပြီး၊ နွေဦးတော်လှန်ရေးဆိုင်ရာ အမှတ်တရ ပစ္စည်းတွေ ရောင်းချတာတွေ ပြုလုပ်ခဲ့ပါတယ်။

ပါလီမန် ရင်ပြင်နဲ့ အနီးတဝိုက်မှာ ဖြတ်သန်းသွားလာသူတွေကို နွေဦးတော်လှန်ရေးအကြောင်း လက်ကမ်းစာ စောင်တွေ ဝေငှတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့