ဉာဏ်ရည်မမှီသူတွေကို ခွဲခြားဆက်ဆံခြင်း မလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဉာဏ်ရည်မမှီသူတွေအပေါ် ခွဲခြားဆက်ဆံတာတွေ မလုပ်ပဲ သူတို့တွေကို လူ့ဘောင်အဖွဲ့အစည်းထဲ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ပါဝင်လာအောင် ကူညီဖို့လိုအပ်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

2013.01.30
assk-press-conference-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။
RFA

တောင်ကိုးရီးယားနိုင်ငံ ဖျောင်းချန်းပြည်နယ်မှာ ဒီကနေ့ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေး ထိပ်သီးညီလာခံ (Global Development Summit) မှာ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တာပါ။

သူ့အနေနဲ့ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့အတွက် လူ့အသိုင်းအဝိုင်း အဖွဲ့အစည်းနဲ့ ကင်းကွာပြီး ခွဲခြားဆက်ဆံခံရတဲ့ စိတ်ခံစားမှုကို စာနာနားလည်ကြောင်း၊ စိတ်ဝေဒနာ ခံစားနေရသူတွေကို ပစ်ပယ်မထားပဲ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါဝင်စေခြင်းအားဖြင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာအောင် စိတ်ဓါတ်အင်အား မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်လို့ ပြောခဲ့ပါတယ်။

ဒီဖွံ့ဖြိုးရေးဆိုင်ရာ ထိပ်သီးညီလာခံမှာ ဆင်းရဲချို့တဲ့မှု ပပျောက်ရေးနဲ့ စိတ်ဓာတ်အင်အား ချို့တဲ့သူတွေကို အားပေးကူညီရေးတွေကို အဓိကထား ဆွေးနွေးကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့အစီအစဉ်နဲ့ ပတ်သက်ပြီး မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူ ကိုရန်နိုင်ထွန်းကို RFA ဝိုင်းတော်သား ဦးဘအောင် ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။