ကြံ့ခိုင်ရေးပါတီ မဲခိုးကြောင်း ဒီမိုကရက်ပါတီပြောဆို
2010.11.08
သူ ယှဉ်ပြိုင်တဲ့ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်မှာကို ကြံ့ခိုင်ရေးပါတီက မဲခိုးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“ကြို့ပင်ကောက် အနောက်ပိုင်းက ဥက္ကံဆိုတဲ့ ရွာမှာ ကြံ့ဖွံ့အမတ် သန့်ဇင်ဆိုတာ သူ့ယောက္ခမက ကော်မရှင် ဥက္ကဋ္ဌလုပ်တယ်။ အဲဒီ ကော်မရှင်က လာသမျှလူကို သူတို့ထဲကို မဲထည့်တော့ ဒါတွေက မဲခိုးတာလေ။ အများကြီး နစ်နာတယ်၊ အန်တီကလည်း မခံဘူး၊ ဗိုလ်ချုပ် သန်းရွှေဆီကို ဒါရိုက် သွားမှာ။ ဒီလို ခိုးတဲ့ဟာနဲ့ နိုင်ရင်တော့ အန်တီလက်မခံဘူး။”
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသုဝေရဲ့ မဲဆန္ဒနယ်မှာလည်း ကြံ့ခိုင်ရေးပါတီက မဲခိုးမှုတွေ ရှိလို့ အငြင်းပွားနေရတယ်လို့ ဒေါ်ချိုချိုကျော်ငြိမ်း က ပြောပါတယ်။
သာယာဝတီ မဲဆန္ဒနယ်မှာတော့ သူတို့ ဒီမိုကရက်ပါတီ (မြန်မာပြည်)က ကိုယ်စားလှယ်လောင်း ဦးသောင်းစိန်က မဲအပြတ်အသတ်နဲ့ အနိုင်ရတယ်လို့လည်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။
ဆက်လက်ပြီး ဒီမိုကရက်တစ်ပါတီ မြန်မာပြည် ရဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးအောင်ငြိမ်းကို မေးမြန်းတဲ့အခါမှာတော့ သူအနေနဲ့ ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ သူယှဉ်ပြိုင်ခဲ့တဲ့ မဲရုံဟာ ညနေ ၆ နာရီ ပိတ်ရမဲ့အစား မွန်းတည့် ၁၂ နာရီမှာ ပိတ်လိုက်ကြောင်းနဲ့ မဲပြားတွေကို သံသယရှိကြောင်း ပြောပါတယ်။
“ကြံ့ဖွတ်တွေက တခုခု သူတို့ လုပ်ပုံ ရတယ်လေ။ မဲတွေက အလျှံပယ် ဖြစ်သွားတာပေါ့။ အတုလုပ်ရင်လည်း လွယ်တယ်။ ပလပ်စတစ်ပုံးထဲကနေပြီး ထုတ်ရတာလည်း ဘာမှ ခက်တာမဟုတ်ဖူး၊ ပြန်ပိတ်ပြီးတော့ ဆယ်လိုတိပ် ပြန်ကပ်ထားလိုက်လည်း ပြီးတာပဲ။ သံသယ ဖြစ်စရာတွေတော့ အများကြီးပဲ၊ မဲရုံမှာ ဘယ်သူတွေ တွေ့ရလဲဆိုတော့ အဲဒီ ကြံ့ဖွတ်တွေပဲ။”
ဒါအပြင် သူ့ရဲ့ဇနီး ဖြစ်သူ၊ ဒီမိုကရက်ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်သန်းသန်းနုကို မဲဆန္ဒရှင်တွေက ထောက်ခံကြပေမဲ့ ကြိုတင်မဲတွေကြောင့် ပြိုင်ဖက် ကြံ့ခိုင်ရေးပါတီက အမတ်လောင်းကို ရှုံးမဲ့ အခြေအနေ ရှိတယ်လို့ ဆိုပါတယ်။