အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်သုံးဖွဲ့နဲ့တွေ့

RFA Burmese
2024.03.29
အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်သုံးဖွဲ့နဲ့တွေ့ ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်။
AFP

အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက် (Derek Chollet) ဟာ မတ်လ ၂၈ ရက်နေ့က K3C လို့ ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ သုံးဖွဲ့ ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ဖို့ ကြိုးစားအားထုတ်နေတဲ့ အဖွဲ့တွေဖြစ်တယ်လို့ ဒဲရစ်ချောလက်က Twitter လို့ခေါ်တဲ့ X လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

K3C မဟာမိတ်အဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကူအညီလိုအပ်နေသူတွေကို အကူအညီတွေ ပေးအပ်မှုတိုးမြှင့်နိုင်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ဖြစ်လာအောင် လုပ်နိုင်မယ့် ခြေလှမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

K3C မဟာမိတ်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောင်ရေးအတွက် ဘုံသဘောတူညီချက်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။