HIV-AIDS ဝေဒနာရှင်တွေကို ကူညီဖို့ ဆွေးနွေး

NLD လူငယ်တွေ ဦးစီးစောင့်ရှောက် နေတဲ့ HIV-AIDS ဝေဒနာရှင် တွေကို အကူအညီ ပေးနိုင်ဖို့ အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တွေကို မေတ္တာရပ်ခံတဲ့ အစည်းအဝေး တခုကို ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ တသီးပုဂ္ဂလ အမတ်တွေက ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင် ဒဂုံတာဝါမှာ ပြုလုပ်ခဲ့သလို ဦးကျော်သူ ဦးဆောင်တဲ့ အနုပညာရှင် တွေကလည်း အဲဒီ စောင့်ရှောက်ရေး ဂေဟာမှာရှိတဲ့ AIDS ဝေဒနာရှင် တွေကို ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

2010.11.22
phyu_phyu_thin_305_z.jpg HIV / AIDS ဝေဒနာရှင်များကို စေတနာ့ဝန်ထမ်း ပြုစုစောင့်ရှောက်နေသူ မဖြူဖြူသင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

ပြီးခဲ့တဲ့သောကြာနေ့က တသီးပုဂ္ဂလ အမတ်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်အရ အရင် NGO လူမူရေးအဖွဲ့တွေမှာ လုပ်ကိုင်ဖူးသူ၊ တသီးပုဂ္ဂလ အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူတွေက ဒီကနေ့ အစည်းအဝေး ခေါ်ယူခဲ့တာပါ။

အစည်းအဝေးမှာ နိုင်ငံတကာ အကူအညီပေးသူတွေ၊ သံတမန်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ကြားခဲ့ပါတယ်။ အစည်းအဝေးကို ဖိလစ်ပိုင်သံအမတ်ကြီး၊ ဗြိတိသျှ သံရုံးက သံမှူးနဲ့ သြစတြေလျ သံရုံး ဒုတိယ သံအမတ်တို့ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးတက်ခဲ့တဲ့ NLD ဗဟိုကော်မတီဝင် ဦးဝင်းတင်က ခုလိုပြောပြပါတယ်။

"အဓိကကတော့ အကုအညီတွေ ဘယ်လို ပေးနိုင်ကြမလဲ။ နောက်ပြီ HIV ဌာနကို နှင်တယ်ဆိုတာ ဒေါ်စုသွားပြီး စကားပြောပြီးတဲ့နောက် ဖြစ်တယ်ဆိုတော့ ဒါဟာ နိုင်ငံရေးနဲ့ ပတ်သက်တယ်လို့ ကျနော်တော့ ယူဆတယ် ဆိုတဲ့ အချက်တွေကို ပြောကြတယ်။ နောက်တချက် ပြောတာကတော့ ဒီ International Community ကနေပြီးတော့ ဒီလူနာတွေဟာ ဗမာပြည်ရဲ့ အစိတ်အပိုင်း သေးသေးလေးတခုဘဲ။ ရန်ကုန်ကို လာနိုင်တဲ့ လူလောက်ဘဲရှိတာ။ ဒါ့ထက်ပိုပြီး အများကြီးရှိနေတယ်။ နယ်တွေဖက်ကျတော့ အစိုးရကလဲ ဆေးကုပေးနိုင်တာလဲ မရှိဘူး။ ဆေးဝါ းပေးနိုင်တာလဲ မရှိဘူး။ HIV ဟာက ဘယ်လို ဖြစ်မလဲဆိုရင် ဖြူဖြူသင်းတို့ရဲ့ စင်တာကတော့ ရှိနေမှာဘဲ။ အဲတော့ နောင်ကို အကူအညီ ပေးချင်ရင် ဖြူဖြူသင်းတို့ကိုဘဲ တိုက်ရိုက်ဆက်သွယ်ပြီး ပေးနိုင်ပါတယ်။ NLD ကတော့ နိုင်ငံရေးပါတီမို့ NLD ကတဆင့် သွားစရာလည်း မလိုပါဘူးဆိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။"

အစည်းအဝေးကို ဒေါက်တာဘုန်းဝင်း၊ ဒေါ်တင်ယုဇာ၊ ဒေါ်ယုဇာမော်ထွန်းစတဲ့ ပုဂ္ဂိုလ်တွေက ကမကထပြု ကျင်းပခဲ့တာပါ။ တချိန်ထဲမှာပဲ တောင်ဒဂုံ (၈) ရပ်ကွက်မှာရှိတဲ့ AIDS ဝေဒနာရှင်တွေထားရာ ဂေဟာကို နာရေးကူညီမှုအသင်းက

NLD ဗဟို ကော်မတီဝင် မဖြူဖြူသင်း ဦးစီးဖွင့်လှစ်ထားတဲ့ ဒီဂေဟာက AIDS ဝေဒနာရှင်တွေကို အာဏာပိုင်တွေက နေရာရွေ့ပြောင်းခိုင်းချိန်မှာ လူနာတွေကို ကရုဏာသက်တာကြောင့် ခုလို သွားရောက်တာ ဖြစ်တယ်လို့ လှူတန်းသူများအဖွဲ့မှာ ပါဝင်တဲ့ အဆိုတော် အနဂ္ဂက ပြောပါတယ်။

"ကိုမောင် စီစဉ်တယ်ပေါ့နော်။ ကျနော်တို့ကလဲ လိုက်လှူချင်တဲ့ အတွက်ကြောင့် ကျနော်တို့ရယ် နောက် နာရေးကုညီမှု အသင်းက အသင်းသားတွေလည်း အကုန်လုံး သွားလှူကြတာပါ။"

အနူပညာရှင်တွေဟာ လူနာတွေကို မနက်စာ ဒန်ပေါက် ကျွေးပြီး ငွေကြေးနဲ့ အသုံးအဆောင်တွေ လှူဒါန်းခဲ့ကြတာပါ။ ခုလို လာရောက် လှူဒါန်းတာနဲ့ ပတ်သက်ပြီး ဂေဟာ တာဝန်ခံ မဖြူဖြူသင်းက-

"ဘာဘဲပြောပြော အခုလို လူနာတွေ အခက်အခဲ ဖြစ်နေတဲ့ အချိန်မှာပေါ့နော်။ ကိုကျော်သူဦးဆောင်ပြီး အနုပညာရှင်တွေ အဆိုတော်တွေ ဒါရိုက်တာတွေ လာပြီးတော့ အားပေးတဲ့အတွက် လူနာတွေလည်း ပျော်ရွှင်တာပေါ့။ ခွန်အား တခုတော့ ရတာပေါ့။ အဲဒီအတွက် အကုန်လုံးကို ကျေးဇူးတင်တာပေါ့နော်"

ဒီဂေဟာကို ပြီးခဲ့ဲတဲ့ ဗုဒ္ဒဟူးနေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေးစကား ပြောကြားပြီးတဲ့နောက် လူနာတွေကို လာမဲ့ နိုဝင်ဘာလ ၂၅ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဘို့ ရပ်ကွက်အာဏာပိုင်တွေက ပြောထားပါတယ်။


ဒီကနေ့ သွားရောက်လှူဒါန်းတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။


ကိုကျော်သူနှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။