အမေရိကန်ရွေးကောက်ပွဲ ထရမ့်အနိုင်ရရှိ

RFA Burmese
2024.11.06
အမေရိကန်ရွေးကောက်ပွဲ ထရမ့်အနိုင်ရရှိ ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် မဲအသာရနေသည့် ဒေါ်နယ်ထရမ့်အား နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
KAMIL KRZACZYNSKI / AFP

[Updated: 6:45 pm]

နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီက ဒေါ်နယ်ထရမ့်က မဲအသာရနေတဲ့အတွက် ၄၇ ယောက်မြောက် အမေရိကန်သမ္မတဖြစ်ဖို့ နီးစပ်သွားပါပြီ။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကင်မလာဟဲရစ် အရေးနိမ့်သွားပြီး အထက်နဲ့အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ ရီပတ်ဘလီကန်ပါတီက အသာစီး ရနေပါတယ်။

သမ္မတအဖြစ် ရွေးကောက်ခံရဖို့ ပြည်နယ် အထူးကိုယ်စားလှယ် မဲအရေအတွက် ၂၇၀ ရဖို့လိုအပ်ပြီး ဒီနေ့ညနေပိုင်းအထိ ဒေါ်နယ်ထရမ့်က ၂၇၇ မဲ၊ ကင်မလာဟဲရစ်က ၂၂၄ မဲ ရရှိထားပါတယ်။

ရွေးကောက်ပွဲရလဒ်ကို တရားဝင် ထုတ်ပြန်ပြီးသွားရင်တော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ဦးမြောက်နဲ့ ၄၇ ဦးမြောက်သမ္မတ ဖြစ်လာတော့မှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။