ကပ်ရောဂါကာလအတွင်း အာရှရဲ့ မူးယစ်ဆေးထုတ်လုပ်မှု စံချိန်တင်တိုးလာ

2021.06.10
ကပ်ရောဂါကာလအတွင်း အာရှရဲ့ မူးယစ်ဆေးထုတ်လုပ်မှု စံချိန်တင်တိုးလာ ကမ္ဘောဒီးယားနိုင်ငံမှာ ၂ဝ၁၈ ခုနှစ်က ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးများကို မဖျက်စီးခင်တွေ့ရစဉ်။
File Photo/Reuters

၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်၁၉ ရောဂါ ကြောင့်ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေရှိနေပေမဲ့ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက မူးယစ်ဆေးဝါး ကုန်ကူးသူတွေက ကန့်သတ်ချက်တွေကို ရှောင်လွှဲပြီး မူးယစ်ဆေးထုတ်လုပ်မှုကို တိုးချဲ့လုပ်ကိုင်နိုင်ခဲ့ကြပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အရင်က စိတ်ကြွဆေး အကြီးအကျယ်ထုတ်လုပ်တဲ့ မြန်မာနိုင်ငံလို ကမ္ဘောဒီယားနိုင်ငံဟာ မက်တာအက်ဖက်တမင်း အများဆုံးထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ရောက်ရှိလာတယ်လို့ ကုလသမဂ္ဂရဲ့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒေသတွင်း စိတ်ကြွဆေး ထုတ်လုပ်မှုတွေဟာ ရောဂါကူးစက်မှုတွေ မြင့်မားနေချိန်မှာ ယာယီတန့်သွားပေမယ့် ချက်ချင်းလိုလို ပြန်လည်မြင့်တက်လာတာဟာ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်မှုကိုတောင် ခုန်ကျော်သွားခဲ့တယ်လို့ ကုလသမဂ္ဂ ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန UNODC ရဲ့အစီရင်ခံစာမှာ ရေးပါတယ်။ အာရှတိုက်မှာ မနှစ်က စိတ်ကြွဆေး တန် ၁၇၀ စံချိန်တင် ဖမ်းမိခဲ့ပါတယ်။ ဒါဟာ ၂၀၁၉ ကထက် ၁၉ ရာခိုင်နှုန်း ပိုနေတာပါ။

၂၀၂၀ ခုနှစ်မှာ တကမ္ဘာလုံး ကပ်ရောဂါကြောင့် စီပွားရေးတွေ နှေးကွေးသွားပေမယ့် မူးယစ်ဆေးဝါဂိုဏ်းတွေဟာ မြန်မြန်ဆန်ဆန် ပြန်လည်ထူထောင်နိုင်ခဲ့တာလို့ UNODC အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသ ဌာနေကိုယ်စားလှယ် Jeremy Douglas ကပြောပါတယ်။
တချိန်တည်းမှာပဲ စိတ်ကြွဆေးသယ်ယူတဲ့ လမ်းကြောင်းတချို့လည်း ပြောင်းလဲခဲ့ပါတယ်။ လာအိုလိုနိုင်ငံကနေ ထိုင်းနဲ့ ဗီယက်နမ်ဘက်ကို သွားတဲ့ လမ်းတွေလည်းပေါ်လာပါတယ်။

အလားတူဆေးဝါးထုတ်လုပ်မှုရဲ့ ဗဟိုချက် မြန်မာနိုင်ငံရွှေတြိဂံဒေသ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာ ဆေးဝါးထုတ်လုပ်မှုတွေ အနည်းငယ် လျော့နည်းသွားပေမယ့် ကမ္ဘောဒီးယားမှာတော့ အကြီးစား ထုတ်လုပ်မှုမျိုး ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။