အီဂျစ် မြန်မာသံရုံးက အကူအညီမပေး
2011.05.09
ဒါပေမဲ့ ဂျော်ဒန်နိုင်ငံမှာအလုပ်လုပ်ကိုင်နိုင်ဖို့ အတွက် စီစဉ်ပေးတဲ့ ရန်ကုန်မြို့က အလုပ်အကိုင် ရှာဖွေရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်က အလုပ်သမားတွေကို လာရောက်ညှိနှိုင်းနေတယ်လို့ ဆန္ဒပြအလုပ်သမား ကိုတီဒီထွန်းက RFA ကိုပြောပါတယ်။
ရန်ကုန်မြို့မှာ ပွဲစားနဲ့ စာချုပ်ချုပ်စဉ်က ကတိပေးခဲ့တဲ့ အတိုင်း လစာ မရရှိတဲ့အပြင် စားစရိတ် ၁၅ ဒေါ်လာ ဖြတ်တောက်ခဲ့ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်တွေလည်း ထုတ်မပေးတာကြောင့် အလုပ်သမားတွေက ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့က အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်မှာ အလုပ်ရှင်က အလုပ်သမားတွေကို စားစရိတ်ကို ၅ ဒေါ်လာ လျှော့ပေါ့ပြီး ၁၀ ဒေါ်လာဘဲ ဖြတ်တောက်မဲ့အကြောင်းနဲ့ ရက်မှန်ကြေး ၁၀ ဒေါ်လာကို ၁၅ ဒေါ်လာ အထိ တိုးပေးမဲ့အကြောင်း ညှိနှိုင်းခဲ့တယ်လို့သိရပါတယ်။
အလုပ်သမားတွေက လက်မခံခဲ့ဘဲ ဆက်လက် ဆန္ဒပြနေတဲ့အတွက် အလုပ်ရှင်က သူတို့ကို အလုပ်ပြန်ဆင်းဖို့ဖိအားပေးခဲ့ကြောင်းနဲ့ အလုပ်သမားတွေက လက်မခံခဲ့ကြောင်းလည်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြ အလုပ်သမားတွေက အီဂျစ်နိုင်ငံက မြန်မာသံရုံးကို ဆက်သွယ်တိုင်ကြားခဲ့ပေမဲ့ သံရုံးက မကူညီတဲ့အပြင် အလုပ်သမားတွေကို ပြစ်တင် ပြောဆိုနေကြောင်း သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆန္ဒပြအလုပ်သမားတစ်ဦးကို RFA မှ မခင်ခင်အိ က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန် |