KNU ထိန်းချုပ်နယ်မြေမှာ ဒီဇင်ဘာလအတွင်း ဒေသခံ လေးဦးသေ၊ ၂၇ ဦးဒဏ်ရာရ

RFA Burmese
2023.01.07
Share on WhatsApp
Share on WhatsApp
KNU ထိန်းချုပ်နယ်မြေမှာ ဒီဇင်ဘာလအတွင်း ဒေသခံ လေးဦးသေ၊ ၂၇ ဦးဒဏ်ရာရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
Doo Pla Ya District

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း တိုက်ပွဲကြောင့် ဒေသခံ လေးဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ KNU က ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၂၁၇ ဦးသေဆုံးခဲ့ပြီး ၁၇၁ ဦး ဒဏ်ရာရခဲ့ပေမယ့် KNLA ပူးပေါင်းတပ်တွေဘက်ကတော့ ကိုးဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။

KNU ထိန်းချုပ်နယ်မြေအတွင်းက တိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပေမယ့် အသေးစိတ်အခြေအနေကို ထုတ်ပြန်လေ့မရှိပါဘူး။

KNU က ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတွေက နယ်မြေတချို့ကို တပ်မဟာ ခုနစ်ခုနဲ့ ထိန်းချုပ်ထားတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း KNU ထိန်းချုပ်နယ်မြေမှာ ပစ်ခတ်တိုက်ခိုက်မှုပေါင်း ခုနစ်ထောင် (၇၀၀၀) ကျော် ဖြစ်ပွားခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်စာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းမှာ အရပ်သား နှစ်သိန်းဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။