အခမဲ့ ပညာသင်ကျောင်း ဖွင့်မရအောင် ဒေသခံ အာဏာပိုင်တွေ ဖိအားပေး

မြန်မာလူငယ်တွေရဲ့ ပညာရည် တိုးတက် မြင့်မားစေဖို့အတွက် ပညာဒါန ဆိုပြီး၊ ရန်ကုန် သင်္ကန်းကျွန်း မြို့နယ် အတွင်းမှာ လူငယ်ကွန်ယက် တစ်ခုကနေ မကြာသေးခင်ကမှ ပြောင်းရွှေ့ ဖွင့်လှစ် သင်ကြားပေးနေတဲ့ ဗေဒါ သင်တန်းကျောင်းကို မြို့နယ် အာဏာပိုင်တွေက ကျောင်းမဖွင့်နိုင်အောင်

2011.05.10
tin_oo_bayda_school_305_z.png အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် တာမွေမှ စမ်းချောင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသော ဗေဒါ စေတနာ့ ဝန်ထမ်း သင်တန်းကျောင်း နေရာသစ်သို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ဝဲ) လာရောက် အားပေးနေပုံ ဖြစ်ပါသည်။ (Photo: RFA)
Photo: RFA)

သင်တန်းသားတွေကို ဧည့်စာရင်း မပေးဖို့ မြို့နယ် ရဲတပ်ဖွဲ့ နဲ့ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချူပ်ရေးမှုးတွေကို ညွှန်ကြားနေတာတွေ ရှိတယ်လို့ သိရပါတယ်။

ဗေဒါ သင်တန်းကျောင်း တာဝန်ခံ လူငယ်ကွန်ယက် ခေါင်းဆောင် ကိုမျိုးရန်နောင်သိမ်း ကို အာအက်ဖ်အေ က ဆက်သွယ် မေးမြန်းရာမှာတော့ ကျောင်းဖွင့်ဖို့ ငှားထားတဲ့ အိမ်ပိုင်ရှင်တွေကို ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြသနာတွေကို တာဝန်ယူဖို့ အတင်း လက်မှတ် ထိုးခိုင်းနေတယ်လို့ ပြောပါတယ်။

ဒီအကြောင်း အပြည့်အစုံကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။