ဖမ်းဆီးကျောင်းသားပြန်လွှတ် ဖို့ မြန်မာငြိမ်းချမ်းရေးစင်တာရှေ့ မှာ ဆန္ဒပြ
2015.04.01
Generation Wave လူငယ်အဖွဲ့ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ ဖမ်းဆီးခံကျောင်းသားနဲ့ ပြည်သူလွှတ်ပေးဖို့ မနေ့ညနေ ၆ နာရီလောက်က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အစိုးရနဲ့တိုင်းရင်းသားအဖွဲ့တွေကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းလက်မှတ်ရေးထိုးနိုင် တယ်ဆိုရင် ဒီမိုကရေစီပညာရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတဲ့ ကျောင်းသားနဲ့ပြည်သူတွေ ကိုလည်း ပြန်လွှတ်ပေးသင့်တယ်လို့ ဆန္ဒပြခဲ့တဲ့ GW အဖွဲ့ခေါင်းဆောင် ကိုမိုးသွေးက RFA ကိုပြောပါတယ်။
"နှစ်ပေါင်း ၆ဝ ပေ့ါနော်၊ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကိုင်ပြီး အသေအကြေတိုက်လာကြတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရကြားထဲမှာတောင်မှ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေ လုပ်နိုင်တယ်ဆိုရင် အမျိုးသားပညာရေး ဥပဒေအတွက် လက်နက်မပါဘဲ ငြိမ်းချမ်းစွာတောင်း ဆိုတဲ့ ကျောင်းသားတွေ ပြည်သူတွေကို ဖမ်းဆီးထားတာ လွှတ်ပေးသင့်ပြီလို့ ကျနော်တို့ကယူဆတယ်"
တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေဟာ အပစ်ရပ်စာချုပ်မူကြမ်း လက်မှတ်ထိုးနိုင်တဲ့အထိမ်းအမှတ်အနေနဲ့ မနေ့ညနေက ပြုလုပ်တဲ့ညစာစားပွဲကိုတက်ရောက်ဖို့ ဖိတ်ကြားခံရသူတွေထဲမှာ ကိုမိုးသွေး ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် သူတို့လူငယ်အဖွဲ့တွေက ဖမ်းဆီးခံကျောင်းသားနဲ့ ပြည်သူတွေပြန်မလွှတ်မချင်း အစိုးရနဲ့ ပူးပေါင်းဆောင် ရွက်မှုတွေ ရပ်ဆိုင်းထားမယ်လို့ သပိတ်မှောက်ထားတဲ့အတွက် မနေ့က ညစာစားပွဲကိုမတက်ရောက်ဘဲ ဆန္ဒပြခဲ့တာဖြစ်ပြီး၊ သူတိုရဲ့တောင်းဆိုချက်ကိုလည်း သမ္မတနဲ့အစိုးရ အဖွဲ့ဝင်တွေကို အိတ်ဖွင့်ပေးစာပေးပို့ လိုက်တယ်လို့ဆိုပါတယ်။
ဖမ်းဆီးခံကျောင်းသားနဲ့ ပြည်သူလွှတ်ပေးဖို့ မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ မနေ့ညနေကဆန္ဒပြခဲ့တဲ့ Generation Wave လူငယ်အဖွဲ့ခေါင်းဆောင်RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။