အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ် က ၈၈ ကျောင်းသားအဖွဲ့နဲ့ ဆွေးနွေး

Open Society Foundation အဖွဲ့တည်ထောင်သူ ဂျော့ဆိုးရောစ့်နဲ့ အဖွဲ့ဟာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဒီကနေ့ မနက်ပိုင်းက Chatrium Hotel မှာ တွေ့ဆုံခဲ့ကြပါတယ်။

2013.01.08
job-soros-305 ရန်ကုန်မြို့ Chatrium Hotel မှာ ဇန်နဝါရီလ ၈ရက်နေ့ နံနက်ပိုင်းက Open Society Foundations မှ Chairman ဖြစ်သူ Mr.George Soros ဦးဆောင်သည့်အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားတွေ တွေ့ဆုံခဲ့ပုံ
Photo: 88 facebook

အဲဒီတွေ့ဆုံပွဲမှာ မစ္စတာ ဆိုးရော့စ် က သူ့အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုပြုံးချိုက RFA ကို  ပြောပါတယ်။

ဒီကနေ့တွေ့ဆုံပွဲမှာ တိုင်းရင်းသားဒေသတွေရဲ့ ပဋိပက္ခတွေအပြင် မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်မှာ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက်ကိုလည်း ဆွေးနွေးခဲ့တယ်လို့ ကိုပြုံးချိုက ဆက်ပြောပါတယ်။

ဒီံဆွေးနွေးပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဌေးကြွယ်နဲ့ ကိုမင်းဇေယျတို့ တက်ရောက်ခဲ့ပါတယ်။

မစ္စတာ ဆိုးရောစ့်နဲ့အဖွဲ့ဟာ ၈၈မျိုးဆက်ကျောင်းသားတွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်နဲ့လည်း ဒီကနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးသန့်တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

မစ္စတာ ဆိုးရော့စ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုနေရိန်ကျော် ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။