ဂျော့ချ်ဝါရှင်တန် တက္ကသိုလ်က မြန်မာ့အရေး ဆွေးနွေးပွဲ
2012.03.19
မနေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်၊ ဂျော့ချ်ဝါရှင်တန်တက္ကသိုလ်မှာ ပြုလုပ်တဲ့ အာဆီယံနဲ့ မြန်မာအစိုးရ ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အခုလိုသတိပေး ပြောဆိုလိုက်တာဖြစ်ပါတယ်။
လက်ရှိအနေနဲ့ အာဆီယံနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးဟာ အရင်ကထက်စာရင် ပိုပြီးနီးစပ် ပွင့်လင်းလာကြောင်း၊ မြန်မာဘက်ကလည်း ဒေသဆိုင်ရာကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေကိုလည်း သိသိသာသာမြင်ရပါတယ်။ ဒါပေမဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံှံမှုှုအပိုင်းမှာ သတိထားရမယ့် အချက်တွေရှိနေတယ်လို့ ခရစ်တီးနားဖင့်ခ်က အခုလိုပြောပါတယ်။
"ကျွန်မ စိုးရိမ်တဲ့အချက်က အာဆီယံ စီးပွားရေးလုပ်ငန်းရှင်တွေလာပြီး ရင်းနှီးမြှုပ်နှံှံမယ်ဆိုရင် လယ်ယာမြေတွေ ပိုပြီးအသိမ်းခံရပြီး လယ်သမားတွေ နစ်နာကြေးမရမယ့် ကိစ္စတွေ ပေါ်ပေါက်လာမှာကိုပါ။ ဒါတွေကို ကိုင်တွယ်ဖြေရှင်းမယ့် တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်မှု အပိုင်းကလည်း မေးခွန်းထုတ်စရာတွေ ဖြစ်နေတော့ ဒီလိုရင်းနှီးမြှုပ်နှံှံမှုှုတွေဟာ အဆိုးဘက်ကို ရောက်သွားစေနိုင်ပါတယ်"လို့ ပြောသွားပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာပြည်က အပြောင်းအလဲတွေဟာ ပြည်သူတွေအပေါ်ဘယ်လောက်ထိ အကျိုးဖြစ်မဖြစ် ဆိုတာကို ပညာရှင်တွေဘက်က သံသယနဲ့ မေးခွန်းထုတ်ခဲ့ကြတယ်လို့လည်း ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကပြောပါတယ်။
ဂျော့ချ်ဝါရှင်တန်တက္ကသိုလ်က မြန်မာ့အရေးဆွေးနွေးပွဲကို အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူတွေဖြစ်တဲ့ ပါမောက္ခ Amitav Acharya နဲ့ အမေရိကန် ပါမောက္ခ David Steinberg တို့ ကလည်း မြန်မာအာဆီယံ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဦးဆောင်ဆွေးနွေးသွားပါတယ်။