အစိုးရနဲ့ KIA တိုက် ပွဲတွေကြောင့်ဆရာမနဲ့ ကလေးငယ် ဒဏ်ရာရရှိ


2016.08.16
teacher-wound-620.jpg လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းဆရာမကို တွေ့ရစဉ်
Photo: LA N Lung Jung Facebook

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှာ  ကချင်လွတ်မြောက်ရေးတပ် KIAနဲ့ အစိုးရတပ်မတော်တို့   တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေရာမှာ မနေ့ က ကျောင်းဆရာမတစ်ဦးနဲ့ ကလေးတစ်ဦး လက်နက်ကြီးကျည်ဆံပေါက်ကွဲ မှုကြောင့်  ဒဏ်ရာရရှိသွားတယ်လို့ ဖါးကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကပြောပါတယ်။

ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးအနီး  တနိုင်းနယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားရာမှာ လက်နက်ကြီးများနဲ့ ပစ်ခတ်ကြတယ်လို့ဆိုပါတယ်။ ပစ်ခတ်မူကြောင့် နယန်းရွာ မူလတန်းကျောင်းဝင်းအတွင်း ကျရောက်လာ တာကြောင့်  ကျောင်းဆရာမနဲ့ ကလေး ထိခိုက်ရတယ်လို့ ဦးတင်စိုးကပြောပါတယ်။

အလားတူ တနိုင်းလမ်းပေါ်မှာရှိတဲ့ ရွာတစ်ရွာမှာလည်း မနေ့က နေ့လည်ပိုင်းက ပြည်သူစစ်များနဲ့ KIA အဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လကထဲက တိုက်ပွဲတွေဖြစ်ပွားလျက်ရှိရာမှာ ဒေသခံတွေ ထွက်ပြေးလျက်ရှိပြီး ထွက်ပြေးသူ ထောင် ဂဏန်းလောက်အထိမြင့်တက်နေတယ်လို့ ဒုက္ခသည်တွေကို အကုူအညီပေးသူတွေက ပြောပြပါတယ်။  ခုတိုက်ပွဲ များဖြစ်ပွားတဲ့ဒေသအတွင်း ရွှေတွင်းများ အများအပြားရှိတာကြောင့် ထွက်ပြေးသူအများစုဟာ ရွှွေတွင်းတွေမှာ အလုပ်လုပ်နေသူတွေဖြစ်တယ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး  ဖားကန့် - လုံခင်းမြို့နယ် အမျိုုးသားလွှွတ်တော်ကိုယ်စားလှယ် ဦးတင်စိုး ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။