အစိုးရစီမံကိန်းများကို ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်ပေးဖို့ တိုက်တွန်း
2013.02.15
ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဒေါက်တာ မြတ်ဉာဏစိုးက ခေတ်စနစ်ဟောင်းက ခေါက်ရိုးကျိုးစနစ်တွေ ပြောင်းလဲပြင်ဆင်သွားဖို့ အခုလို ဆွေးနွေးခဲ့တာပါ။
“ခေတ်စနစ်အဆက်ဆက်မှာ မပြောင်းလဲပဲနဲ့ နှစ်ပေါင်းကြာမြင့်စွာ ကျန်ရှိနေသေးတဲ့ ဒီစီမံကိန်းရဲ့ Format ကြီးကို ခေတ်ပြောင်းစနစ်ပြောင်း အခြေအနေမှာ ခေါက်ရိုးကျိုးအသားကျနေတဲ့ ဒီစီမံကိန်းပုံစံကို ပြည်တွင်းပြည်ပ ပညာရှင်တွေရဲ့ အထောက်အကူနဲ့ ပြည်သူ့ဘဝအခြေအနေကို တကယ်လက်တွေ့ထင်ဟပ်နိုင်တဲ့ တကယ်လက်တွေ့ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မယ့် ပြည်သူတွေရဲ့ရင်ထဲမှာ တကယ်ဘယ်လိုဆောင်ရွက်နေပါတယ်ဆိုတဲ့ အသိမျိုးကို တွဲထင်ယုံကြည့်နိုင်မယ့် လက်တွေ့ဆန်တဲ့ အမျိုးသားစီမံကိန်းများအဖြစ် ပြောင်းလဲဖော်ဆောင်ပေးပါလို့ အကြံပြုတိုက်တွန်းပါတယ်”
၂၀၁၃/၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စတင်ကျင်းပတာဖြစ်ပြီး ဒီကနေ့ အစည်းအဝေးမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ထပ်မံဆွေးနွေးခဲ့ကြပါတယ်။
အခုတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆိုတင်သွင်းချက်တွေနဲ့ ပတ်သက်လို့ လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ အပြီးသတ်ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။