ရက္ခိုင့်တပ်မတော်ကို လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဖို့ ကမ်းလှမ်း


2016.02.06
Share on WhatsApp
Share on WhatsApp
arakhine-army-620.jpg Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်
Photo: Arakan Army

ရက္ခိုင့်တပ်မတော် AA အနေနဲ့ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်မယ်ဆိုရင် အစိုးရဘက်က ရက္ခိုင့် တပ်မတော်နဲ့ ဆက်နွယ်နေသူတွေကို ဖမ်းဆီးနေတာတွေကို ရပ်တန့်ပေးသွားမှာဖြစ်သလို အပြစ်တွေကိုလည်း ခွင့်လွှတ်ပေးသွားမယ်လို့ ရခိုင်ပြည်နယ်လုံခြုံရေးအရာရှိတွေက စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး သံဃာတော်တွေကို ဒီနေ့လျှောက်ထားတယ်လို့ သိရပါတယ်။

စစ်တွေမြို့ ပြည်နယ်အရေးပေါ်ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းရေစင်တာ (ECC) ရုံးမှာ ဒီနေ့တွေ့ဆုံပြီး လျှောက်ထားခဲ့တာလို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် သံဃာတော်တစ်ပါးက မိန့်ပါတယ်။

စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေးသံဃာတော်အဖွဲ့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အစိုးရအနေနဲ့ ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး ဖမ်းဆီးနေတာတွေ ရပ်တန့်ပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က အစိုးရကို တောင်းဆိုထားတာကြောင့် သံဃာတော်တွေကို ဒီနေ့လျှောက်ထားခဲ့တာလို့လည်း သိရပါတယ်။

ရက္ခိုင့်တပ်မတော်အနေနဲ့ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ဖို့ကို သံဃာတော်တွေဘက်က ကူညီပြောပေးဖို့ကိုလည်း အစိုးရဘက်က လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့တွေ့ဆုံမှုမှာ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး သံဃာတော်အဖွဲ့က သံဃာတော် ၁၂ ပါးတက်ရောက်ခဲ့ပြီးတော့ အစိုးရဘက်ကတော့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း အပါအဝင် တပ်မတော် တာဝန်ရှိသူအချို့ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။