အစိုးရအသုံးစရိတ် ဘီလီယံ ၃၀၀ ကျော်ကို လွှတ်တော် ဖြတ်တောက်


2017.03.17
Share on WhatsApp
Share on WhatsApp
pyitaungsu-hluttaw-622.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပစဉ်
Photo: Myanmar Union Parliament Facebook

၂၀၁၇-၁၈ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာပါတဲ့ ဝန်ကြီးဌာနတွေရဲ့ အသုံးစားရိတ်ကို ပြည်ထောင်စု လွှတ်တော်က ငွေကျပ် ဘီလီယံသုံးရာကျော် စိစစ်ဖြတ်တောက်ပြီး ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ဝန်ကြီးဌာနတွေနဲ့ ဗဟိုအဖွဲ့အစည်းတွေရဲ့ ငွေလုံးငွေလုံးငွေရင်းနဲ့ သာမန်အသုံးစရိတ် စုစုပေါင်း ဘီလီ ယံသုံးရာကျော်ကို စိစစ်ပြီး ဖြတ်တောက်ခဲ့ကြောင်းနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကို အများဆုံး ဖြတ်တောက်ထားကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီဒုတိယဥက္ကဌ ဦးအောင်မင်း က ပြောပါတယ်။

"အများဆုံးဖြတ်တာကတော့ စိုက်ပျိုးရေးမွေမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကပဲ ဖြစ်ပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ တော်တော်များများ ဖြတ်လိုက်ရတာကို၊ စာချုပ်မချုပ်ရသေးတဲ့အတွက် သတ်မှတ်ချက်တွေ မကိုက်ညီတဲ့အတွက်"

အဲဒီလို အသုံးစရိတ်ဖြတ်တောက်တဲ့အထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစားရိတ်တွေ မပါဝင်ဘူးလို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ်ကထက် ဘီလီယံရှစ်ဆယ်ကျော်လျှော့ပြီး တောင်းခံထားတာကြောင့် မဖြတ်ခဲ့ကြောင်း၊ ပညာရေးနဲ့ ကျန်းမာရေးကို ဘတ်ဂျက်ဖြတ်တောက်ထားပေမယ့် အဆောက်အဦးနဲ့ စက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် တင်ထားတဲ့ ဈေးနှုန်းတွေကိုသာ ဖြတ်တောက်ထားတာဖြစ်ကြောင်းလည်း ဦးအောင်မင်းက ပြောပါတယ်။

၂၀၁၇ ခုနှစ် ဘတ်ဂျက်အတွက် ဝန်ကြီးဌာနတွေ၊ဗဟိုအဖွဲ့အစည်းတွေက စုစုပေါင်း အသုံးစားရိတ်အနေနဲ့ ငွေကျပ် ဘီလီယံနှစ်သောင်းကိုးရာနီးပါး တောင်းခံထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။