လွိုင်လင်ခရိုင် တိုက်ပွဲများကြောင့် ထွက်ပြေးရသူ လေးထောင်ကျော်ပြီ


2015.11.13
shan-refugees-620.jpg ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒုက္ခသည်တချို့ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ် လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ထွက်ပြေးနေတဲ့ ဒေသခံ လေးထောင်ကျော် ရှိပြီး အဲ့ဒီထဲက ၁၅ဝ ကျော်ဟာ လားရှိုးမြို့ အောင်မင်္ဂလာမန်ဆူရှမ်းကျောင်းမှာ ခိုလှုံနေကြရပါတယ်။

မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာအနီးမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ပြီးခဲ့တဲ့ သုံးလေးရက်ကတည်းက ထွက်ပြေးလာတာလို့ ဝမ်ဆော့ကျေးရွာသူ မနန်းရွှေလူက ပြောပါတယ်။

"ရွာနားမှာစစ်ပွဲတွေဖြစ်တဲ့ခါကျတော့ လက်နက်ကြီးနဲ့ ရွာထဲပစ်လာခါကျတော့ အဲ့ဒါကြောင့် ထိမှာစိုးလို့ ရောက် လာကြတာရှင့်၊ သမီးတို့ကတော့ ဖြစ်တာနဲ့ထွက်လာတာ ၁ဝ ရက်နေ့မနက် ၂ နာရီခွဲကတည်းက ထလာ ရတာရှင့် တချို့လူတွေကလည်း ကိုယ်ပိုင်ကားနဲ့ပေါ့၊ တချို့လူတွေကလည်း လိုင်းကားနဲ့လာကြတာများတယ်၊ ပြီးတော့ မရောက်သေးတဲ့လူတွေကျတော့ TYO အဖွဲ့ကနေတဆင့် သူတို့ကားလွှတ်တာရှိတယ်၊ ဒီနေ့ရောက် မယ်လို့ ထင်တာပဲရှင့်"

မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာနဲ့ ကျေးသီးမြို့နယ် ဟိုက်ပါကျေးရွာတွေမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၆ ရက်နေ့က တိုက်ပွဲတွေစတင်ဖြစ်ပွားနေတာဖြစ်ပြီး အောင်မင်္ဂလာမန်ဆူရှမ်းကျောင်းကို ရောက်ရှိနေသူ ၁၅ဝ ကျော်သွား ပြီဖြစ်ပါတယ်။

မနေ့က ထပ်မံထွက်ပြေးလာသူ ၅ဝ ကျော်ကို လားရှိုးမြို့က ရှမ်းလူငယ်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက သွားရောက်ခေါ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။