သစ်ခိုးထုတ်မှုတွေကို အရေးယူမယ်လို့ အစိုးရ သတိပေး


2016.03.03
logging-620.jpg ခုတ်ယူထားသော သစ်လုံးများပုံ
Photo: RFA

ပဲခူးရိုးမမှာ တရားမဝင်သစ်ခိုးထုတ်မှုတွေကို ကာကွယ်ဖို့အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး တရားမဝင် သစ်ခိုးထုတ်မှုတွေကို သစ်တောဥပဒေနဲ့ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

သစ်တောထွက်ပစ္စည်းတွေဖြစ်တဲ့ မီးသွေး၊ ဝါး၊ ထင်းနဲ့ တိရစ္ဆာန်ပစ္စည်းမျိုးစုံ ရောင်းချမှုတွေ ပဲခူးမြို့နယ်အတွင်းမှာ များပြားလာပြီး သစ်တောရေးရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရပဲ ထုတ်လုပ်ရောင်းချမှုတွေ မလုပ်ဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် တရားမဝင် သစ်ခုတ်ယူနေတာတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ သစ်တောဌာနဝန်ထမ်းတွေကို ပြန်လည် တိုက်ခိုက်တာတွေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ပဲခူးရိုးမအတွင်းက ဇာမဏီကြိုးဝိုင်း၊ ရွှေလောင်းကိုယ်တူကွဲစလူကြိုးဝိုင်း နယ်နမိတ်အတွင်း သစ်၊ ဝါးခုတ်ယူတာနဲ့ ထင်း၊ မီးသွေး ထုတ်ယူတာတွေမလုပ်ဖို့နဲ့ ဝင်ထွက်သွားလာတာ မလုပ်ဖို့ သတိပေးတားမြစ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။