သတင်းထောက်တွေ အတွက် ရွေးကောက် ပွဲ ဆောင်ရန်ရှောင်ရန်စာအုပ် ထုတ်ဝေ


2015.05.03
elections-guideline-books-305.jpg ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန် အတည်ပြုထုတ်ပြန်ခြင်း အခမ်းအနားကို မေလ ၃ ရက်နေ့က ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပပြုလုပ်နေစဉ်။
Photo: Kyaw Lwin Oo, San Maw Aung/ RFA

ရွေးကောက်ပွဲမှာ သတင်းရယူကြမယ့် သတင်းမီဒီယာ သမားတွေ လိုက်နာသင့်တာတွေနဲ့ ရှောင်ကြဉ်သင့် တာတွေကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ နိုင်ငံတကာမီဒီယာ ပံ့ပိုးရေးအဖွဲ့ IMS အဖွဲ့က ဒီနေ့ ထုတ်ဝေဖြန့်ချီ လိုက်ပါတယ်။

ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပတဲ့ ဆွေးနွေးပွဲနဲ့ ထုတ်ဝေဖြန့်ချီတဲ့ အခမ်းအနားမှာ သတင်းမီဒီယာ သမားတွေကို ဖြန့်ချီပေးခဲ့တာဖြစ်ပြီး ဒီလမ်းညွှန်စာအုပ် ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေကို အတွေ့အကြုံ ယူပြီး ပြုစုခဲ့တာပါလို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖဲ့ွဝင် ဦးဇော်သက်ထွေး က ပြောပါတယ်။

"ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကြုံတွေ့ခဲ့ရ တဲ့ ပြဿနာတွေ၊ အခက်အခဲတွေ အားလုံးကို ကျနော်တို့အားလုံးက စုစည်းပြီးအခုလို ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ကို ထုတ်ရတာဖြစ်ပါတယ်၊ ဒီဟာက မဖြစ်မနေလိုက်နာရမယ့် ဥပဒေပုဒ်မ မဟုတ်ပါဘူး၊ ကျနော်တို့က ရွေးကောက်ပွဲဆိုင်ရာ သတင်းယူတဲ့ အခါမှာ ဘယ်ဟာတွေကတော့ အန္တရာယ်ရှိတယ်၊ ဘယ်ဟာတွေကတော့ မှန်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းနဲ့ မီဒီယာ သမားတွေသိဖို့ နောက်မဲရုံမှာ တာဝန်ရှိတဲ့သူတွေအားလုံးလည်း အပြန် အလှန်နားလည်ဖို့ အတွက် ဒီစာအုပ်ကိုရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆွေးနွေးပြီးတော့မှ ကျနော်တို့ ထုတ်ဝေရတာဖြစ်ပါတယ်"

အဲဒီလမ်းညွှန်စာအုပ်မှာ သတင်းသမားတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူထုကို အသိပေးသင့် တာတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို စောင့်ကြည့်ဖို့ လိုအပ်တာတွေ နဲ့ ရွေးကောက်ပွဲရလဒ်တွေကို သတင်းဖော်ပြရာမှာ ရှောင်ကြဉ်သင့်တာတွေကို ဖော်ပြထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေနဲ့ အဲဒီပြစ်မှုတွေကိုသတင်းအဖြစ် ဖော်ပြရာမှာ ရှောင်ကြဉ်ရမယ့် အချက်တွေလည်း ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။