ရန်ကုန်အပါအဝင် တိုင်းဒေသကြီး လေးခုမှာ အပူချိန် စံချိန်တင်မြင့်တက်


2019.04.27
yangon-622.jpg ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ အဆောက်အဦးကို တွေ့ရစဉ်
Photo: RFA

ဧပြီ ၂၇ ရက်နေ့ ဒီနေ့ရဲ့ နေ့အပူချိန်တွေဟာ ရန်ကုန်အပါအဝင် တိုင်းဒေသကြီး လေးခုက ဒေသ ငါးခုမှာ အပူချိန်စံချိန်တင် မြင့်တက်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နဲ့ ကြို့ပင်ကောက်မြို့မှာ အပူချိန် ၄၃ ဒီဂရီ စင်တီဂရိတ်ကျော်၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးနဲ့ မှော်ဘီမြို့မှာ ၄၂ ဒီဂရီစင်တီဂရိတ်ကျော်၊ မွန်ပြည်နယ် ရေးမြို့မှာ ၄၁ ဒီဂရီစင်တီဂရိတ်ကျော်၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့မှာ ၄၀ ဒီဂရီစင်တီဂရိတ်ကျော် ရှိတယ်လို့ သိရပါတယ်။

အဲဒီဒေသတွေက နေ့အပူချိန်တွေဟာ လွန်ခဲ့တဲ့ ခြောက်နှစ်ကနေ ၅၅ နှစ်တာ ကာလအတွင်း စံချိန်တင်မြင့်မားခဲ့တာဖြစ်ပါတယ်။
မနေ့ကလည်း ပဲခူးတိုင်းဒေသကြီးအတွင်း တောင်ငူ၊ ကြို့ပင်ကောက်နဲ့ ပဲခူးမြို့၊ ရန်ကုန်တိုင်းမှာ ခရမ်းမြို့နယ်၊ မွန်ပြည်နယ် ဘီးလင်း၊ ရေး၊ သထုံမြို့နဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့တွေမှာ အပူချိန် စံချိန်တင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။