ဟီလာရီကို နယူးယောက်တိုင်းမ်စ် နဲ့ အယ်လ်အေတိုင်းမ်စ် သတင်း စာတွေက ထောက်ခံလိုက်ပြီ


2016.09.24
hillary-clinton-620.jpg အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က နေပြည်တော်လေဆိပ်ကို ဆိုက်ရောက်လာစဉ်။
Photo:AFP

သြဇာကြီးမားတဲ့ New York Times နယူးယောက် တိုင်းမ်စ် နဲ့ L A Times အယ်လ် အေ တိုင်းမ်စ် သတင်းစာ အယ်ဒီတာအဖွဲ့တွေက လာမယ့် နိုဝင်ဘာ ၈ ရက်ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဟီလာရီကလင်တန်ဟာ အမေရိကန်သမ္မတဖြစ်သင့်ကြောင်း စနေနေ့ မနေ့က ထောက်ခံလိုက်ပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီဟာ နိုင်ငံရေးအတွေ့အကြုံနဲ့ လက်တွေ့ကျတဲ့ အတွေးအခေါ် ရှိသူဖြစ်ပြီး ရီပတ်ဘလီကင်ပါတီ သမ္မတလောင်း ဒေါ်နယ်လ် ထရမ့်ကတော့ ခိုင်ခိုင်မာမာ စီမံကိန်း တစ်ခုတလေမှ ချပြနိုင်သူမဟုတ်တဲ့အတွက် သူတို့ ၂ ယောက်ကို ချိန်ခွင်ထိုးဖို့ မလိုတော့ဘူးလို့ နယူးယောက်တိုင်းမ် အယ်ဒီတာ အဖွဲ့ကပြောပါတယ်။

လော့စ်အိန်ဂျယ်လစ် တိုင်းမ်စ် သတင်းစာကလည်း ဒေါ်နယ် ထရမ့်ဟာ အမေရိကန်လူထုနဲ့ ကင်းကွာပြီး ရွေးချယ်ခံ အုပ်ချုပ်ရေး အတွေ့အကြုံမရှိကြောင်း ဟီလာရီ ကလင်တန်ကတော့ အစိုးရအုပ်ချုပ်ရေး ယန္ဒယားနဲ့ ကျွမ်းဝင်ပြီး သမ္မတ ရာထူးအတွက် နှစ်ပေါင်းများစွာ စနစ်တကျ လေ့ကျင့်ပျိုးထောင်ခဲ့သူဖြစ်ကြောင်း ပြောပါတယ်။

တနင်္ဂနွေနေ့ညမှာ သမ္မတလောင်း ၂ ဦး ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲပြုလုပ်ဖို့ ရှိနေစဉ်အတွင်း အခုလို နာမည်ကျော် အမေရိကန် သတင်းစာ ၂ စောင်ရဲ့ ထုတ်ပြန်ချက်တွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။