ဒီမိုကရေစီခရီးစဉ် လွယ်ကူဖွယ်ရာမရှိ

မြန်မာ့ဒီမိုကရေစီအရေးမှာ"လူထုခေါင်းဆောင်" အဖြစ်ကနေ လွှတ်တော်ထဲ ဝင်ရောက်ပြီး "နိုင်ငံရေးသမား" အဖြစ်ရပ်တည်တော့မှာ ဖြစ်တဲ့အတွက် ရှေ့လာမယ့် ခရီးလမ်းဟာ မလွယ်ကူဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြု သတိပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကမနေ့က ပြောကြားလိုက်ပါတယ်။

2012.04.10
hillary-clinton-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်က ဝါရှင်တန် ဒီစီတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှု လျော့ချရေး ပြင်ဆင်နေကြောင်း ကြေညာချက် ထုတ်ပြန်နေစဉ်။
AFP

ဒေါ်အောင်ဆန်းစုကြည်နဲ့ တလောက သူတယ်လီဖုန်းပြောခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲဝင်ရောက်ပြီး ဆောင်ရွက်ရမယ့် နိုင်ငံရေးဟာ "စေ့စပ်ညှိနှိုင်း ဆွေးနွေးပြီး အဖြေရှာခြင်း တနည်းအားဖြင့် နိုင်ငံရေးမှာ အပေးအယူလုပ်ရမယ့်" နိုင်ငံရေးသဘောမျိုး အဓိကဖြစ်လာလိမ့်မယ်။ ဒါကလည်း ဒီမိုကရေစီရဲ့ အနှစ်သာရ သဘောတရားလည်းဖြစ်တယ်။ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်း၊ အပေးအယူလုပ်ခြင်းဟာ ညစ်ညမ်းတဲ့ ဝေါဟာရမဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Motion Picture Association of America အမေရိကန်ရုပ်ရှင်လုပ်ငန်း အသင်းကြီးမှာ မနေ့က ပြင်သစ်ဒါရိုက်တာ Luc Besson ရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝပုံရိပ်ကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကား ပြသတဲ့ပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားတာပါ။

ဒီမိုကရေစီဆိုတာ မိမိနဲ့အမြင်သဘောထား လုံးဝမတူညီသူတွေနဲ့ အတူတကွ လက်တွဲလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။ ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အချိန်မရွေး ပျက်စီးသွားနိုင်တယ်ဆိုတာ မြန်မာပြည်သူတွေကရော အားလုံးကပါ လက်ခံထားပြီးသားဖြစ်သလို၊ တစ်ချိန်တည်းမှာလည်း ဒီမိုကရေစီခရီးစဉ်မှာ အားလုံးနဲ့ လက်တွဲလုပ်ဆောင်မယ်ဆိုတဲ့ သံဓိဋ္ဌာန်ဟာ နိုင်ငံရေးသမား တစ်ဦးအနေနဲ့ ဆုံးဖြတ်ထားရမယ့် အချက်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။